​သဘာဝ ငါးရံ့၊ ​မွေးမြူ​ရေးငါးရံ့ တို့ထွက်​သောကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ငါး ရံ့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

0
201

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ ဖေဖော်ဝါရီလက ရန်ကုန်ဈေးကွက်သို့ ငါးရံ့ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ (၁) ရက်မှ (၃၁) ရက်ထိ ငါးရံ့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ရသည့် ငါးရံ့အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၀၊ ငါးရံ့အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၉၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၁၆၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

အဆိုပါ ဒေသတွင် ငါးရံ့မွေးမြူရေးလုပ်ငန်းနှင့် သဘာဝအတိုင်း ချောင်း၊ အိုင်၊ မြောင်း၊ လယ်ကွင်းများမှ ရှာဖွေဖမ်းဆီရရှိသည့် ငါးရံ့များထွက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၏ ရေထွက်ကုန်ဈေးကွက်သည် ရန်ကုန်ဈေးကွက်ဖြစ်ပြီး ငါးရံ့သည် ပြည်တွင်း၌ အဝယ်လို က်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here