မြန်မာများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးလျှင် မြန်မာသံရုံးသို့ ဆက်သွယ်လုပ်​ဆောင်သည့်အခါလိုအပ်သည့် အချက်များ

0
165

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာသံရုံးသို့ ဆက်သွယ်ရာတွင် လွယ်ကူလျင်မြန်စေရန် မြန်မာနိုင်ငံကူး လက်မှတ်ကို မိတ္တူကူးထားခြင်း၊ အီလတ်ထရောနစ် မိတ္တူ (Soft Copy) ပြု လုပ်ကာ ထိန်းသိမ်းထားရန် အစရှိသည့်အချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေး အခွင့်လမ်းများ ရှာဖွေခြင်း၊ အလည်ပတ်ခရီး၊ ဘုရားဖူးခရီးများ သွား ရောက်မှု ပိုမိုများပြားလျက်ရှိသည်။

ထို့ကြောင့် ခရီးသွားများ ခါးပိုက်နှိုက်ခံရခြင်း မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းများ ကြုံရလေ့ရှိရာ ပျောက်ဆုံးခဲ့ပါက ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ (ခရီးသွားများ၊ သင်တန်းသားများ၊ တာဝန်ဖြင့် သွားရောက်သူများ) အနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ်ရာတွင် ပိုမိုလွယ် ကူလျင်မြန်စေရန် မြန်မာနိုင်ငံကူး လက်မှတ်ကို မိတ္တူကူးထားခြင်း၊ အီလတ်ထရောနစ် မိတ္တူ (Soft Copy)ကို Email (သို့) Google Drive တွင်သိမ်းဆည်းထားရန်၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် နေ့စွဲများလည်း သိရှိထားရန် လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ခါးပိုက်နှိုက်ခံရကြောင်း (သို့) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့် နေရာရှိ ရဲစခန်းသို့ တိုင်ကြားထားသည့် စာအပြင် ပျောက်ဆုံးသူ၏ လိုင်စင် ဓါတ်ပုံ (၃) ပုံဘည်း လိုအပ်သည်။        

ထို့အပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့် နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာ ဖုန်းနံပါတ်များ ပေးထားသင့်ပြီး သက်ဆိုင်ရာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဌာနမှ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ အထောက်အထားများနှင့် စပ်လျဉ်း၍ မသဲကွဲခြင်း၊ စိစစ်မှု မရနိုင်ခြင်းများ ရှိလာပါက မြန်မာသံရုံးသို့ ဆက်သွယ်သင့် သည်။

သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ်ရန် ဖုန်းအမှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm ဝင်ရောက်ကြည့်ရှုနိုင်သည်။ 

မြန်မာသံရုံး အခြေစိုက်နိုင်ငံများရှိ မြန်မာသံရုံးများအနေဖြ င့် အခက်အခဲကြုံတွေ့ရသူ မိမိနိုင်ငံသားများဖြစ်သည့် မြန် မာခရီးသွားများအတွက် ရုံးပိတ်ရက်များတွင်ပင်သက်​သေခံကတ်ပြား (C of I) ထုတ်ပေးခြင်းနှင့် လိုအပ်ပါက နေထိုင်စားသောက်ရေးတို့ကိုပါ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here