မန္တလေး ၊အောင်မြေသာစံမြို့နယ်တွင် မိသားစုဝင် (၃)ဦး အနုကြမ်းစီးခံရပြီးအ သ-တ်ခံရ

0
172

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် နေထို င်သည့် မိသားစုဝင် (၃)ဦး အနုကြမ်းစီးခံရပြီး အသ-တ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အနီးဝန်းကျင်ရှိ မြို့ခံများထံမှ သိရသည်။

အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အောင်သပြေရပ်၊ (၁၀) လမ်း၊ (၈၆) လမ်းနှင့် (၈၇) လမ်းကြား၊ အကွက်အမှတ်၊ (၄၁၅)တွင် နေထိုင်သည့် မိသားစုဝင် (၃) ဦးအား ဆွေမျိုးများမှ ဧပြီလ (၁၁) ရက် ညပိုင်းတွင် ဖုန်းဆက်ရာ ဆက်သွယ်မရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားကာ သော့ဖျက်ဝင်ရောက်ခဲ့ရာမှ ‌ေ-သဆုံးနေသည်ကို သိရှိရခြင်းဖြစ်ကြောင်း အနီးဝန်းကျင်ရှိ မြို့ခံများထံမှ သိရသည်။

“သူတို့က ပိုက်ဆံရှိကြတယ်ပေါ့။ သမီးနှစ်ယောက်ကလည်း ဂျပန်မှာ အလုပ်လုပ်နေတယ်လို့ သိရတယ်။ ပစ္စည်းတွေလို ချင်လို့ပါ။ သ-တ်သွားတာကတော့ တော်တော်ကို ရက်စက်တယ်လို့ ပြောရမယ်”ဟု မြို့ခံတစ်ဦးက ဆိုသည်။

‌ေ-သဆုံးသူများမှာ ဖခင်ဖြစ်သူ ဦးမြင့်စိုး အသက် (၆၀) နှ စ်ခန့်၊ မိခင်ဖြစ်သူ ဒေါ်မြသန်း အသက် (၆၀)နှစ်ခန့်နှင့် သား ဖြစ်သူ ကိုထက်လင်းစိုး အသက် (၄၀)နှစ်ခန့်တို့ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here