စက်မှုထုတ်ကုန် ၄အုပ်စုရှိရာပြည်တွင်းသုံးစွဲမှုဖူလုံရေးအတွက် ဆောင်ရွက်ပေးနေသည့် သံမဏိစက်ရုံအား ရပ်တန့်မှုမရှိစေလုပ်ဆောင်ရန် စက်မှုဝန်ကြီးပြောကြား

0
141

သံမဏိစက်ရုံ (မြင်းခြံ) သည် ပြည်တွင်းသုံးစွဲမှု ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသည့် သံမဏိစက်ရုံဖြစ်သည့်အတွက် ထုတ်လုပ်မှုလုပ်ငန်းများ ရပ်တန့်မှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

ဧပြီ (၁၁) ရက် နံနက်ပိုင်းတွင် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်ထုတ် လုပ်ရေးအလုပ်ရုံ၊ Direct Reduction Plant ၊ သံတိုသံစများ စုပုံကွင်း၊ သံရည်ကျိုအလုပ်ရုံ၊ စက်မှု လုပ်ငန်းပြုပြင်ရေးအလုပ်ရုံ၊ မီးခံအုတ်များ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများထားရှိသည့် သိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

သံ၊ သံမဏိများအား ပြည်တွင်းသုံးစွဲမှု ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသည့် သံမဏိစက်ရုံကြီးဖြစ်သဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ ရပ်တန့်မှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားပါက အမြန်ဆုံးပြန်လည် စတင်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော စက်နှင့်စက်အရန်ပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းထားရှိကြရန်၊ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက်လည်း ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ထားရှိရန် ပြည်ထောင်စုဝန် ကြီးက မှာကြားခဲ့သည်။

စက်မှုဝန်ကြီးဌာနတွင် စက်ရုံအလုပ်ရုံပေါင်း (၁၀၇) ရုံရှိပြီး အဆိုပါ စက်ရုံ အလုပ်ရုံများတွင် (၅၅) ရုံသည် ပုဂ္ဂလိကသို့ ငှားရမ်းထားရှိပြီး (၅၂) ရုံသည် နိုင်ငံပိုင်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ထုတ်ကုန်များကို အုပ်စုခွဲပါက သံနှင့်သံမဏိ ထုတ်လုပ်မှုဆိုင်ရာအုပ်စု၊ ဘိလပ် မြေနှင့် ကြွေထည်မြေထည် ထုတ်လုပ်မှုဆိုင်ရာအုပ်စု၊ ချည်မျှင်နှင့်အထည် ထုတ်လုပ်မှုဆိုင်ရာ အုပ်စုနှင့် ဆေးဝါးနှင့် လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ အုပ်စုဟူ၍ အဓိက အုပ်စု(၄) ခုရှိကြောင်း သိရသည်။

ထို့ပြင်ယခုနှစ် ဘဏ္ဍာငွေလျာထားချက်ပြည့်မီအောင် ဆောင်ရွက်မည့် အစီအမံများကို လက်တွ့ကျကျရေးဆွဲဆောင်ရွက်ရန်၊ စက်နှင့်စက်ပစ္စည်း၊ ကုန်ကြမ်းဝယ်ယူရေး ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်လည်း ပြည် ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

စက်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သည့်လုပ်ငန်းများ အပ်နှံရာတွင် ကျွမ်းကျင်ပညာရှင်များသည် သတ်မှတ်အ ရည်အချင်းနှင့်ပြည့်စုံပြီး အင်ဂျင်နီယာဝန်ဆောင်မှု အသိအမှတ် ပြုလက်မှတ် ရရှိပြီးသော ကုမ္ပဏီများကိုသာ စိစစ်ရွေးချယ် ၍ လုပ်ငန်းအပ်နှံ ဆောင်ရွက်ရန်၊ ရရှိပြီးသောဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားရန်လည်း ၎င်းကဆက်လက်ပြောကြားခဲ့သ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here