ရုရှားနိုင်ငံမှ အလူမီနီယမ်၊ ကြေးနီနှင့် နီကယ် တင်သွင်းမှုကို အမေရိကန် ပိတ်ပင်

0
151

တားမြစ်ချက်တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်မတိုင်မီ ထုတ်လုပ်ခဲ့သော ရုရှားမူရင်းမှ အလူမီနီယံ၊ ကြေးနီနှင့် နီကယ်တို့ မပါဝင်ပါ။

အမေရိကန်ပြည်ထောင်စုသည် ရုရှားနိုင်ငံမှ အလူမီနီယမ်၊ ကြေးနီနှင့် နီကယ်တို့ တင်သွင်းခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အရင်းအမြစ်များမှထွက်ရှိသည့် အလူမီနီယမ်၊ ကြေးနီနှင့် နီကယ်တို့ကို အမေရိကန်ပြည်ထောင်စုအတွင်းတွင် တည်ရှိသော နိုင်ငံခြားကုန်သွယ်မှုဇုန်သို့ တင်သွင်းခြင်းအပါအဝင် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးမှ လိုင်စင်ရရှိထားခြင်း သို့မဟုတ် ဥပဒေအရ ပြဋ္ဌာန်းထားသည့်အတိုင်းအတာအတွင်းမှ အခြားနည်းဖြင့် ခွင့်ပြုထားခြင်းမရှိပါက ယင်းဓာတ်သတ္တုပစ္စည်းများကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းခြင်းနှင့် ဖြန်သန်းဝင်ရောက်ခြင်းများအား တားမြစ်ပိတ်ပင်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တားမြစ်ချက်တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်မတိုင်မီ ထုတ်လုပ်ခဲ့သော ရုရှား အလူမီနီယမ်၊ ကြေးနီနှင့် နီကယ်တို့ မပါဝင်ကြောင်း သတ်မှတ်ထားသည်။

ယခုပိတ်ဆို့အရေးယူမှုအသစ်များကို ဗြိတိန်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ကန့်သတ်ချက်များအရ ကမ္ဘာလုံးဆိုင်ရာ သတ္တုလဲလှယ်မှုကဏ္ဍမှ ဆင်းသက်လာသော အရောင်းအ၀ယ်ပြုလုပ်ခြင်းများတွင်လည်း ရုရှားအရင်းအမြစ်များမှထွက်ရှိသည့် အလူမီနီယမ်၊ ကြေးနီနှင့် နီကယ်တို့ ရောင်းဝယ်ဖောက်ကားခြင်းကိုလည်း ကန့်သတ်ထားသည်။ ရလဒ်အနေဖြင့် London Metal Exchange (LME) နှင့် Chicago Mercantile Exchange (CME) တို့ကလည်း ရုရှားသတ္တုများကို လက်ခံခြင်းမှ တားမြစ်ပိတ်ပင်ကြဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here