မုံရွာတွင် အတာအိုးများ ရောင်းအားကောင်း

0
121

မြန်မာ့ရိုးရာ မဟာသင်္ကြန်အခါ ကြိုသည့် အတာအိုးများ သ င်္ကြန်အကြိုနေ့ မရောက်မီ တစ်ရက်အလိုဖြစ်သည့် ဧပြီလ (၁၂) ရက်က အကုန်ရောင်းရသည်အထိ ရောင်းအားကောင်းခဲ့ကြောင်း မုံရွာမြို့ အတာအိုးစျေးကွက်ကသိရသည်။

မုံရွာမြို့တွင် မဟာသင်္ကြန်ပွဲတော် မရောက်မီ (၅)ရက်အလိုကစတင်၍ အောင်မင်္ဂလာရပ်၊အမှတ်(၇)အထက်တန်းကျော င်းမြောက်ဖက် အမှတ် (၂)လမ်းဘေးတွင် အလုံမြို့မှ အ တာအိုးများ အုပ်စုလိုက်လာရောက်ရောင်းချကြခြင်းဖြစ် သည်။

“အတာအိုးတစ်လုံး ရောင်းတာ ဒီနေ့ အကြိုမတိုင်ခင်တစ်ရက်မှာတော့ ၈၀၀ နဲ့ ရောင်းတာ အကုန်ရောင်းရတယ်။သ င်္ကြန်အကြိုမတိုင်ခင် ရောင်းရတဲ့ ရာသီကုန်ပါ။ သယ်ယူစရိတ်တွေကြောင့် အတာအိုးစျေးတက်ရတာပါ”ဟု အတာ အိုးနှင့် ရေအိုးရောင်းသူအမျိုးသမီးတစ်ဦးက ပြောသည်။

အတာအိုးနှင့်အတူ ရေအိုးများ၊ ထမင်းဟင်းချက်သည့်မြေအိုးများ၊ ကစားစရာရောင်စုံ အိုးပုတ်များကိုလည်း တွဲဖက်ရောင်းချပေးခြင်းဖြစ်ပြီး အလုံဘိုးတော်ကြီးနတ်ပွဲရောင်းအပြီး မုံရွာမြို့သို့ နှစ်စဥ်ရာသီချိန်ရောက်တိုင်းလာရောက်ရောင်းချကြသောစျေးသည်များဖြစ်သည်။

“တစ်နှစ်တစ်ခါ အခါကြိုရတာပါ။ ရိုးရာယဥ်ကျေးမှုဓလေ့ဆိုတော့ ထိမ်းသိမ်းကြတဲ့သဘောပါ။ အဘိုးအဘွားတွေလက်ထက်ကတည်းက မြန်မာနှစ်ဆန်းမှာဆောင်ရွက်ရမယ့်ကိစ္စတွေထဲက အတာအိုးထိုးပြီး ကြိုရတာလည်း တစ်ခုအ ပါအဝင်ပါ”ဟု အတာအိုးလာဝယ်သူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here