သင်္ကြန်ကာလ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ထပ်တိုးမည် 

0
125

သင်္ကြန်ကာလ နောက်(၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင်တိုင်းနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ထပ်တိုးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ သင်္ကြန်အကြိုနေ့ ဧပြီ (၁၃)ရက်၊ နံနက်ပိုင်း ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

လာမည့် (၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး  တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်း ငယ် တိုးလာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။

ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြ ည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အ တင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။ 

ယနေ့ညနေအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ အနီးတစ်ဝိုက် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ နေ့အပူချိန်များ မြင့်တက်လျ က်ရှိပြီး ထိုသို့ အပူချိန်မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေးအပါ အဝင်ဒေသအချို့တွင် အသက်ဆုံးရှုံးရသူ အရေအ တွက် ဆယ်နှင့်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည့်အတွက် အပူချိန်မြင့်တက်ချိန် နေ့လယ်နေ့ခင်း အပြင်ထွက်လျှင် သတိထားသွားလာကြရန် ကျန်းမာရေးဝန်ကြီး ဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here