တရုတ်က ရုရှားကို ဆိုဗီယက်ခေတ်ကတည်းက ကူညီနေခဲ့

0
146

ဝါရှင်တန်၊ဧပြီ ၁၂

တရုတ်သည် ဆိုဗီယက်ခေတ်ကတည်းက ရုရှား၏အကြီးမားဆုံးစစ်အင်အား ချဲ့ထွင်မှု ကို ကူညီနေ ခဲ့ ကြောင်း အမေရိကန်အရာရှိများကပြောကြားခဲ့သည်။

အမေရိက၏ အဆိုပါသတင်း ထုတ်ပြန်ချက်အရ တရုတ်က ရုရှားနှင့် ဒရုန်းများပူးတွဲထုတ်လုပ်ခြင်း၊အာကာသအခြေပြုစွမ်းရည်နှင့် ပဲ့ထိန်းဒုံးကျည်များထုတ်လုပ်ခြင်းတို့တွင် အရေးကြီးသည့်စက်ကိရိယာများတင်ပို့ခြင်းအပါအဝင် နယ်ပယ်များစွာ၌ ရုရှားကို ကူညီနေခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့ကြသည်။

ရုရှားက ယူကရိန်းကို စတင်တိုက်ခိုက်ကတည်းက ဆုတ်ယုတ်သွားသည့် ရုရှား၏ ကာကွယ်ရေးအခြေစိုက်စခန်းအား ပြန်လည်ရှင်သန် စေရာ၌ တရုတ်သည် အဓိကကျသောအချက်တစ်ချက်ဖြစ်ကြောင်း အမည်မဖော်လိုသူ အ မေရိ ကန်အရာရှာရှိတစ်ဦးကပြောကြားခဲ့သည်။

ရုရှားသည် ဆိုဗီယက်ခေတ်ကတည်းက ၎င်း၏ရည်မှန်းချက်ဖြစ်သည့် ကာကွယ်ရေးတိုးချဲ့မှုကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်သည် ၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် ရုရှားတင်သွင်းသည့် ပဲ့ထိန်းဒုံးကျည်များတည်ဆောက်ရာ၌အသုံးပြုဖွယ်ရှိသည့် စက်ပစ္စည်းကိရိယာများ၏ ရောင်းချငွေ အ မေရိ ကန်ဒေါ်လာ သန်း ၉၀၀ ၏ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်ဘက်မှရရှိခြင်းဖြစ်ကြောင်းလည်း အ မေရိကန်တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အလားတူပင် ဒုံးကျည်များ၊တင့်ကားများနှင့်လေယာဉ်များထုတ်လုပ်ရန်အတွက်အသုံးပြုသည့် ရုရှားထုတ် မိုက်ခရိုအီလက်ထရွန်းနစ်တင်သွင်းမှုများအနက် ယမန်နှစ်ကရရှိခဲ့သည်များအနက် ၉၀ ရာခိုင်နှုန်းသည်လည်း တရုတ်ထံမှလာခြင်းပင်ဖြစ်ကြောင်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here