ပြည် – အောင်လံကားလမ်းမဘေး၊ သဖန်းချိုရွာတွင် မီးလောင်မှု ဖြစ်ပွားရာမှ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံး

0
152

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည် – အောင်လံကားလမ်းမဘေး၊ သဖန်းချိုရွာတွင် ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာမှ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့ ဧပြီ (၁၃)ရက်၊ နေ့လည် (၁)နာရီခွဲ အချိန်ခန့်က ပြည် – အောင်လံကားလမ်းမဘေး၊ သဖန်းချိုရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီမှ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“ဝါယာလျော့ဖြစ်တဲ့ အိမ်က ပျဉ်ထောင်အိမ်ပေါ့ တစ်အိမ်လုံးပါသွားတယ်။ ဒီဘက် ကူးစက်ခံရတဲ့ အိမ်ကတော့ တိုက်အိမ်ပေါ့။ တစ်ခြမ်းပါသွားတယ်။ အချိန်မှီငြှိမ်းသတ်လိုက်နိုင်တယ်။”

ထိုသို့ ဝိုင်းဝန်ငြှိမ်းသတ်ရာ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်း အပူချိန်များမြင့်တက်လျက်ရှိရာ မီးလောင်ကျွမ်းမှုများလည်း မကြာခဏ ဖြစ်ပေါ်နေသောကြောင့် မီးကျွင်း၊ မီးကျန် သတိပြုရန်နှင့် လျှပ်စစ်ပစ္စည်းများကိုလည်း စနစ်တကျ အသုံးပြုရန် မီးသတ်တပ်ဖွဲ့မှ အသိပေးလှုံဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here