မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့  ရုရှားဗဟိုစစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ

0
124

ဒုတိယအကြိမ် ရုရှား- မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျ က်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ရောက်ရှိနေသာည့် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ(၁၂) ရက်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက်လေ့လာခဲ့ကြသည်။

ဗဟိုစစ်သမိုင်းပြတိုက်အား လေ့လာရာတွင် ဒုတိယကမ္ဘာစစ်အတွင်း စစ်ပွဲဆိုင်ရာမှတ်တမ်းများနှင့် အောင်ပွဲရ အထိမ်း အမှတ်များပြသထားသည့် Victory Hall ၊ ၁၉၄၆ ခုနှစ်မှ လက်ရှိကာလအထိ ရုရှားတပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှု သမိုင်းမှတ်တမ်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန စစ်တက္ကသိုလ်သို့ ဆက်လက်သွားရောက်ခဲ့ရာ ဗိုလ်လောင်းများအား လေ့ကျင့်သင် ကြား‌ ပေးသည့်ဌာနများ ဖြစ်သော မော်တော်ယာဉ်ဌာန၊န ည်းဗျူဟာဌာန၊ UAV နည်းပညာဆိုင်ရာသင်ကြား ပို့ချမှု၊ ဆင်မြူလေတာဖြင့် လက်တွေ့ပစ်ခတ်တိုက်ခိုက်လေ့ကျင့်မှု၊ ရှေးဦးသူနာ ပြုစုခြင်းဆိုင်ရာ သင်ကြားပို့ချမှုများ၊ ဗိုလ်လောင်းအိပ်ဆောင်နှင့် စာသင်ခန်းများအား လေ့လာကြည့် ရှုခဲ့ကြောင်း သိရသည်။

ယင်းနောက် ကိုယ်စားလှယ်အဖွဲ့သည် ယမန်‌နေ့ ဧပြီ(၁၃) ရ က် နံနက်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ သဒ္ဓမ္မဇောတိကာသိမ်တော်၌ ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဒေါက် တာအစ္ဆရိယ၊ လက်ထောက်ကျောင်းထိုင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒမာလာလင်္ကာရ နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ တရားတော်နာယူကြည်ညိုခြင်း၊ သံဃာတော်အရှင်သူမြတ် တို့အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ အနုမောဒနာ တရား မိန့်ကြားခြင်းနှင့် ရေစက် သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော် အရှ င်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ပညာ သင်ကြားလျက် ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here