မွန်ပြည်နယ် ကျိုက္ခမီရေလယ်ဘုရားတွင် မွန်ရိုးရာ သင်္ကြန် ထမင်းစတုဒီသာကျွေးမွေး

0
102

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရားကြီး၏ ကုန်းတော်ပေါ်၌ ယနေ့ ဧပြီ(၁၄)ရက် သင်္ကြန်အကျနေ့တွင် စတင်၍ မွန်ရိုးရာသင်္ကြ န်ထမင်း စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မွန်ရိုးရာသင်္ကြန်ထမင်း ကျွေးမွေးလှူဒါန်းမှုအား ယ နေ့ သင်္ကြန်အကျနေ့မှ အတက်နေ့အထိ သုံးရက်တိုင်ကျွေး မွေးလှူဒါန်းသွားမည်ဖြစ်သည်။

မွန်ရိုးရာ သင်္ကြန်ထမင်း ကျွေးမွေးလှူဒါန်းမှုအား ဘုရားဂေါ ပကအဖွဲ့မှ ကြီးမှူး၍ ကျိုက္ခမီမြို့သူမြို့သားအလှူရှင်များ ပူး ပေါင်း လှူဒါန်းခြင်းဖြစ်ကာ ယနေ့ နံနက်တွင် ကျိုက္ခမီရေလယ်ဘုရားသို့ လာရောက်လည်ပတ်သူများအား ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here