က​မ္ဘောဒီးယားဝန်ကြီးချုပ်က နှစ်သစ်နှုတ်ခွန်းဆက်မှာ တိုးတက်မှုပန်းတိုင်ကို ထပ်လောင်းအတည်ပြု

0
159

တကမ္ဘာလုံးတွင် မသေချာမရေရာမှုများရှိနေသော်လည်း က​မ္ဘောဒီးယား ဝန်ကြီးချုပ်သည် တိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် ကတိကဝတ်များနှင့်အတူ ၎င်း၏ နှစ်သစ်ကူးဆု​တောင်းကို ပြည်သူသို့ပေးပို့ခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ ရက်စွဲဖြင့်သဝဏ်လွှာတွင် ဝန်ကြီးချုပ် ဟွန်မာနတ်က ဘုရင် Norodom Sihamoni နှင့် မိဖုရား မိဖုရား Norodom Monineath Sihanouk အား ရိုသေလေးစားစွာနှစ်သစ်ဂါရဝနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများနှင့် အထည်ချုပ်လုပ်သားများအတွက် လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ အဓိကအချက်များနှင့်အတူ ဆင်းရဲမွဲတေမှု ကွာဟချက်များအား ဖြေရှင်းနိုင်ရန် လူမှုဖူလုံရေးအစီအစဥ်များ တိုးမြှင့်ကာ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးပြည့်ဝသော ပညာရေး၊ လူမှုဖူလုံရေးတို့ကို တွန်းအားပေးဆောင်ရွက်သွားမည်ဟုကတိပြုထားသည်။

နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်ရင်းမြစ်မျိုးစုံများ၊ စိုက်ပျိုးရေးထွက်ကုန်များဖြင့် ပို့ကုန်စျေးကွက်ချဲ့ထွင်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်ပေးခြင်းအပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းစည့် အစိုးရ၏ ကြိုးပမ်းအားထုတ်​ပေးခဲ့မှုများကိုလည်း ​ပြောကြားခဲ့သည်။

 ဝန်ကြီးချုပ် ဟွန်မာနတ်သည် ၂၀၂၄ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၆္ဒဒသမ၆ရာခိုင်နှုန်းဖြစ်ရန် ယုံကြည်မှုရှိရှိ​မျှော်မှန်းထားသည်ဟုဆိုသည်။

Ref: khmertimeskh.com


LEAVE A REPLY

Please enter your comment!
Please enter your name here