AFC Futsal Asain Cup 2024 ပြိုင်ပွဲ ပွဲကြည့်ခွင့် လက်မှတ်များ ကြိုတင်ရောင်းချ‌ပေးနေ

0
196

ထိုင်းနိုင်ငံ ဘန်ကောက်မြို့Huamark Indoor Stadium နှင့် Bangkok Arena တို့တွင်ကျင်းပပြုလုပ်မည့် AFC Futsal Asain Cup 2024 ပြိုင်ပွဲအား ဧပြီ (၁၇) ရက်တွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ကွင်းအတွင်း ပွဲကြည့်ခွင့် လက် မှတ်များအား ကြိုတင်ရောင်းချ‌ပေးလျက်ရှိကြောင်း သိရသည်။

ပွဲကြည့်ခွင့်လက်မှတ် ‌စျေးနှုန်းများအနေ
ဖြင့် အထူးတန်း ဘတ် (၂၀၀) နှင့် ရိုးရိုး
တန်း ဘတ် (၁၀၀) ဖြင့် ရောင်းချသွားပေးလျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို အားပေးမည့် ပရိသတ်များအနေဖြင့် အပွဲကြည့် လက်မှတ်များကို ပြိုင်ပွဲကျင်းပရာ ကွင်းများတွင် ဝယ်ယူနိုင်သကဲ့သို မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် (MFF)ဖေ့ဘွတ်စ်စာမျက်နှာတွင် ဖော်ပြထားသော Website တွင်လည်း ကြိုတင် လက်မှတ်များ ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ၊ ဧပြီ (၁၇) ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း ၊ ဧပြီ (၁၉) ရက်တွင် အိမ်ရှင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ (၂၁) ရက်တွင် တရုတ်အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉)သို တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက်တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့တပ်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here