ပဋိပက္ခကို အရှိန်မြှင့်မှာ မဟုတ်ကြောင်းနဲ့ အစ္စရေးရဲ့ လက်နက်တွေက က-လေ-းကစားစရာအဆင့်သာရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော

0
324

မကြာခင်က သူ့နိုင်ငံကို တိုက်ခိုက်ခဲ့မှုဟာ အစ္စရေးရဲ့ လက်ချက်ဆိုတာကို အီရန်နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ သုံးခဲ့တဲ့လက်နက်တွေဟာ က-လေ-းကစားစရာအရုပ်တွေနဲ့ ပိုတူနေတယ်လို့ ဆိုခဲ့ပါတယ်။

“မနေ့ညက ဖြစ်ပျက်ခဲ့တာက တိုက်ခိုက်မှုတစ်ခုမဟုတ်ပါဘူး” လို့ NBC News နဲ့ အင်တာဗျူးမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရပ်ဒူလာဟိန်က ပြောဆိုခဲ့ပြီး ဒီလက်နက်တွေဟာ ဒရုန်းတွေမဟုတ်ဘဲ မိမိတို့ က-လေ-းတွေ ကစားတဲ့ အရုပ်တွေနဲ့ ပိုတူနေတယ်လို့ ဆိုခဲ့ပါတယ်။

အမီရပ်ဒူလာဟိန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအတွက် နယူးယောက်ကို ရောက်ရှိနေစဉ် NBC News နဲ့ အင်တာဗျူးဖြေကြားခဲ့တာဖြစ်ပြီး အစ္စရေးက ထင်သာတဲ့ တိုက်ခိုက်မှုမျိုး မလုပ်ဆောင်သရွေ့ အီရန်အနေနဲ့ လက်တုန့်ပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုခဲ့ပါတယ်။ 

“ကျွနု်ပ်တို့ အကျိုးစီးပွားတွေကို ထိခိုက်လာစေမယ့် အစ္စရေးရဲ့ စွန့်စားမှုအသစ်တွေ မရှိသရွေ့တော့ ကျွန်တော်တို့အနေနဲ့ တုန့်ပြန်မှုအသစ်တွေ ရှိလာမှာ မဟုတ်ပါဘူး” လို့ သူက ပြောဆိုပါတယ်။ သို့ပေမယ့် အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့လျှင်တော့ တုန့်ပြန်မှုဟာ လျှင်မြန်ပြီး ပြင်းထန်လိမ့်မယ်လို့လည်း သူက သတိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်အဆောက်အအုံကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်မှ ဗိုလ်ချုပ်နှစ်ဦးနဲ့ အရာရှိ ၅ ဦး ​ေ-သဆုံးမှုဖြစ်ခဲ့ပါတယ်။ ယင်းအချိန်မှစကာ အစ္စရေးနဲ့ အီရန်အကြား အပြန်အလှန် တုန့်ပြန်တိုက်ခိုက်မှု သံသရာဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုအပြီး ၁၂ ရက်အကြာမှာ အီရန်ရဲ့ တုန့်ပြန်တိုက်ခိုက်မှုပေါ်ပေါက်ခဲ့ပြီး ဒရုန်းနဲ့ ဒုံးကျည်အစင်း ၃၀၀ ကျော်သုံးကာ အစ္စရေးအပေါ် မကြုံစဖူး တိုက်ရိုက်စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမယ့် ယင်းတိုက်ခိုက်မှုမှာ သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုမျိုး မဖြစ်ခဲ့ပါဘူး။ အီရန်တို့ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နဲ့ ဒရုန်းအားလုံးနီးနီးကို အစ္စရေး၊ အမေရိကန်နဲ့ အခြားမဟာမိတ်တပ်တွေက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အမီရပ်ဒူလာဟိန်ကတော့ ဒီတိုက်ခိုက်မှုဟာ သတိပေးချက်တစ်ခုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပြီး မိမိတို့အနေနဲ့ ဟိုင်ဖာနဲ့ တဲအဗစ်ကို တိုက်ခိုက်နိုင်သလို အစ္စရေးရဲ့ စီးပွားရေးဆိပ်ကမ်းအားလုံးကိုလည်း ပစ်မှတ်ထားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here