သင်္ကြန်တွင်း ရပ်နားထားခဲ့သည့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲနေပြီဖြစ်

0
329

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယာယီရပ်နားထားခဲ့သည့် ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက် ကာလဖြစ်သည့် ဧပြီလ (၁၃) ရက်မှ သင်္ကြန်အတက်နေ့ ဧပြီလ (၁၆) ရက် အထိ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ယာယီရပ်နားထားပြီး ဧပြီ (၁၇) ရက်မှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားကို RBE တွဲဆိုင်း (၆) ဆိုင်း ခေါက်ရေ (၃၅) ခေါက်နှုန်းဖြင့် ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေမှာလည်း နေ့စဉ် (၉၀၀၀)ဝန်းကျင် စီးနင်းမှုရှိကြောင်း သိရသည်။

ထို့ပြင် ခရီးသည်စီးနင်းမှုအခြေအနေပေါ်တွင်မူတည်၍ လိုအပ်ပါက ခေါက်ရေထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရထားလမ်းအဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ဆောင်ရွက်မှုပြီးစီးသွားပါက မြန်နှုန်းမြင့် ရထားများ အသုံးပြုကာ နေ့စဉ်ဦးရေ ၂၄၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here