ထိုင်း မြန်မာနယ်စပ် အကြမ်းဖက်မှုများရပ်တန့်ရန် အာဆီယံတောင်းဆို

0
292

ဘန်ကောက်၊ဧပြီ ၁၉

ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရေးအဓိကလုပ်ဆောင်ရာ၌ အချက်အချာကျသောမြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့၌ ဖြစ်ပွားနေသောတိုက်ပွဲများကို ချက်ချင်းရပ်ရန်အပါအဝင် မြန်မာနိုင်ငံ အနောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ ရခိုင်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့ရှိ တိုက်ပွဲများနှင့်အကြမ်းဖက်မှုများအားလုံးကို ရပ်တန့်ပေးရန် အာဆီယံကတိုက်တွန်းခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ပဋိပက္ခ၌ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် အရပ်သားပြည်သူများ၏အကျိုးစီးပွားနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်နိုင်ရန်လည်းတိုက်တွန်းခဲ့သည်။

ကြာသပတေးနေ့ညကထုတ်ပြန်ကြေငြာခဲ့သည့်ကြေငြာချက်၌မူ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၌ ရေရှည် တည်တံ့ပြီး ပြည့်စုံ သော နိုင်ငံရေးအဖြေတစ်ခုရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးပါဝင်သည့် နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးရန် ကိုလည်း ထည့်သွင်းတောင်းဆိုထားသေးသည်။

အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံးပါဝင်သဘောတူထားသည့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်ရန် ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် သုံးနှစ်တာကာလအတွင်း ထင်သလောက်မအောင်မြင်ခဲ့ဘဲ ပြီးခဲ့သည့်နှစ်အောက်တိုဘာလမှစ၍ မြန်မာတပ်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများလည်းပိုမိုပြင်းထန်လာခဲ့သည်။

ကြာသပတေးနေ့ကထုတ်ပြန်ကြေငြာခဲ့သည့် ကြေငြာချက်၌ မလေးရှားပါလီမန်အမတ်နှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဆိုက်ဖူဒင်အဗ္ဗဒူလာကမူ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ်အား အသစ်ပြင်ဆင်ရန်တောင်းဆိုခဲ့သည်။ မလေးရှားသည် လာမည့်နှစ်၌ အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူမည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here