ဘလင်ကန် တရုတ်သို့သွားမည်

0
313
U.S. Secretary of State Antony Blinken gives a press conference on the last day of the G7 foreign ministers meeting on the small island of Capri on April 19, 2024. (Photo by Tiziana FABI / AFP)

ဝါရှင်တန်၊ဧပြီ ၂၁

အမေရိကနှင့်တရုတ်တို့သည် နှစ်နိုင်ငံအကြားတွင် ဖြစ်ပွားနေသော အဓိကပြဿနာများ၌ ပူးပေါင်းဆောင်ရွက်ကြရန်ကြိုးပမ်းနေစဉ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တရုတ်နိုင်ငံသို့ လာမည့်ရက်သတ္တပတ်တွင်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

၎င်းတို့နှစ်နိုင်ငံသည် ရုရှား – ယူကရိန်းအရေး၊ထိုင်ဝမ်အရေးနှင့် တောင်တရုတ်ပင်လယ်အပါအဝင် မြောက်ကိုရီးယား၊ဟောင်ကောင်၊လူ့အခွင့်အရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများကိုထိန်းသိမ်းထားခြင်းစသည့် ကိစ္စရပ်များ၌ ထိပ်တိုက် တွေ့နေကြခြင်းဖြစ်သည်။

အမေရိကနှင့်တရုတ်တို့သည် ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များအတွက် တိုက်ခိုက်နေကြပြီး ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်၏သံမဏိသွင်းကုန်များအပေါ်စည်းကြပ်ခွန်အသစ်များကိုချမှတ်ခဲ့ခြင်းလည်းပါဝင်သည်။

မစ္စတာဘလင်ကန်သည် တစ်နှစ်အတွင်း တရုတ်နိုင်ငံသို့ နှစ်ကြိမ်မြောက်ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှ စတင်ကာ ရှန်ဟိုင်းနှင့်ပေကျင်းမြို့များသို့သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအပါအဝင် တရုတ်အကြီးတန်းအရာရှိများနှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် မစ္စတာဘလင်ကန်နှင့်တရုတ်သမ္မတရှီတို့တွေ့ဆုံနိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း နှစ်ဖက်စလုံးက အဆိုပါကိစ္စအတွက် အတည်ပြုပြောကြားခြင်းမျိုးမရှိသေးပေ။

Source : အေပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here