ကျေးရွာ (၅၈၁)ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်း(၆၄၄)ခု လုပ်ဆောင်မည်

0
150

ယခုနှစ်နွေရာသီတွင် ကျေးရွာ (၅၈၁) ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်း (၆၄၄) ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

ယခုနှစ်နွေရာသီတွင် နိုင်ငံတစ်ဝန်း ရေရှားပါးနိုင်သည့်ကျေးရွာပေါင်း (၁၀၂) ရွာ ခန့်မှန်းထားပြီး ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ (၅၈၁) ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းပေါင်း (၆၄၄) ခုအထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစီးဌာနအနေဖြင့် နှစ်စဉ်နွေရာသီ သောက်သုံးရေပြတ်လပ်မှု ဖြစ်နိုင်ခြေရှိသော ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ကာ သောက်သုံးရေ အလျင်အမြန်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် နွေရာသီကာလတွင် အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေရှားပါးမှုပြသနာကို ကြုံတွေ့နေရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here