ကျိုက်ထိုမြို့ရှောင်လမ်းတွင် (၁၀)ဘီးယာဉ်(၁)စီး ဘရိတ်ပေါက်ကာ အနီးရှိ နေအိမ်ခြံဝန်းကို ဝင်တို-က်သည့်အတွက် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးပြီး (၅)ဦးဒဏ်ရာရ

0
158

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှောင်လမ်းတွင် (၁၀)ဘီးယာဉ် (၁) စီး ဘရိတ်ပေါက်ကာ အနီးရှိ နေအိမ်ခြံဝန်းကို ဝင်တို-က်ခဲ့သည့်အတွက် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ယနေ့ ဧပြီ (၂၁)ရက်၊ နေ့လယ် (၂)နာရီ (၁၅)မိနစ်အချိန်က ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁)တွင် ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသော (၁၀)ဘီးယာဉ်(၁)စီး ဘရိတ်ပေါက်၍ အနီးရှိ နေအိမ်ခြံဝန်းအတွင်း ဝင်တို-က်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တို-က်မှု သတင်းအရ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆)ဦးအနက် အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျန်အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်း၊ ပဒုမ္မာလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here