ပြည်မြို့ ဘုရားကြီးဘုရားအနီးတွင် ယာဉ်တစ်စီးမှ အမျိုးသမီးတစ်ဦးအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွား

0
292

ပဲခူးတိုင်းဒေသကြီး၊ ပြည် – အောင်လံ ကားလမ်းမပေါ်၊ ဘုရားကြီး ဘုရားအနီးတွင် ယာဉ်တစ်စီးမှ အမျိုးသမီး တစ်ဦးအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယနေ့ ဧပြီ (၂၁)ရက်၊ နံနက်(၈)နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အတို-က်ခံရသူ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

“ကားကတော့ ဘာကားမှန်း မသိလိုက်ဘူး။ တို-က်ပြီး မောင်းပြေးသွားတဲ့သဘောပေါ့။ အတို-က်ခံရတဲ့ အမျိုးသမီးကခေါင်းထိသွားတော့ ဖြစ်ဖြစ်ချင်းမှာ သတိလစ်သွားတာ တွေ့ရတယ်။ ပရဟိတအသင်းက ရောက်လာပြီး ဆေးရုံကို ပို့ပေးလိုက်ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်တို-က်ခံရသူ အမျိုးသမီးမှာ ဦးခေါင်းထိခိုက် ပွန်းပဲ့ဒဏ်ရာအချို့ရရှိခဲ့ပြီး သတိလစ်နေရာ လိုအပ်သည်များ ပြုစုကူညီပေး၍ ဆေးကုသမှု ခံယူရန် ပြည်မြို့ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here