နေ့အပူချိန် မြင့်တက်နေသည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် ဒေသအချို့တွင် မိုးရွာမည်

0
162

နေ့အပူချိန်များ စံချိန်တင် မြင့်တက်နေသည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

ယနေ့ ဧပြီလ (၂၂) ရက် နေ့လယ်ပိုင်းအချိန်ထိ တိုင်းထွာချက်များအရ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲနှင့် နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇ/လ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုး တိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုး သီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သ ည့်အတွက် ကြိုတင်သတိပြုကြရန်လည်း အကြုံပြုထား သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟုလ ည်း မိုးဇ/လက ပြောကြားထားသည်။

ထို့ပြင် နောက်(၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် က ရင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ်ထပ်တိုးလာနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here