တရုတ် ကွမ်တုံပြည်နယ်မှာ မြစ်ရေအကြီးအကျယ် လွှမ်းမိုးနိုင်တဲ့အခြေအနေရောက်နေပြီး လူပေါင်းသန်းချီကို ခြိမ်းခြောက်နေ

0
231

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာ အဓိကမြစ်ကြီးတွေ၊ ရေလမ်းကြောင်းတွေနဲ့ ရေလှောင်ကန်တွေဟာ အန္တရာယ်ကြီးတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေရောက်နေတာကြောင့် လူဦးရေ ၁၂၇ သန်းကျော်ကို အကာအကွယ်ပေးဖို့ရာ အရေးပေါ်တုန့်ပြန်ရေး အစီအစဉ်တွေလုပ်ဆောင်ဖို့ အစိုးရက တနင်္ဂနွေနေ့(ဧပြီ ၂၁) မှာ တွန်းအားပေးခဲ့ပါတယ်။

ရှင်ကျန်နဲ့ ပေကျင်းမြစ်ဝှမ်းဒေသတွေရှိ မြစ်တွေနဲ့ မြစ်လက်တက်တွေဟာ “ဆိုးဝါးသော အခြေအနေ” လို့ ခေါ်တဲ့ နှစ် ၅၀ မှာ တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်တဲ့ အမြင့်ဆုံးရေအမှတ်အဆင့်ကို ရောက်ရှိနေတယ်လို့ ဒေသဆိုင်ရာ မိုးလေဝသ တာဝန်ရှိသူတွေက ပြောဆိုကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဋ္ဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ပေကျင်းမြစ်ဝှမ်းမှာ အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်ပေါ်နိုင်တယ်လို့ မျှော်မှန်းရကြောင်း တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဋ္ဌာနကို ကိုးကားပြီး စီစီတီဗီက ဆိုခဲ့ကာ ဝန်ကြီးဋ္ဌာနအနေနဲ့ ရေးဘေးဆိုင်ရာ အရေးပေါ် အကြံပြုချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကွမ်တုံပြည်နယ် တာဝန်ရှိသူတွေက သဘာဝဘေးအန္တရာယ် ရှောင်ရှားရေး အရေးပေါ် အစီအစဉ်တွေ စတင်လုပ်ဆောင်ဖို့၊ သဘာဝဘေး ရန်ပုံငွေတွေ ဆောလျင်စွာ ဖြန့်ဝေထားဖို့၊ ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ၊ အဝတ်အထည်၊ ရေနဲ့ ရောထိုင်ခင်းတွေရရှိရေး စီစဉ်ပေးထားဖို့ ဒေသအားလုံးရှိ အစိုးရဋ္ဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံရဲ့ ဒေသအတော်များများကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်ရာသီဥတုဖြစ်စဉ်ကြောင့် စနေနေ့ညနေပိုင်းမှစကာ ကွမ်တုံပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။

စနေနေ့ည ၈ နာရီမှစတင်ကာ သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့် ပြည်နယ်ရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ပြီး Zhaoqing ဒေသရှိ ဓါတ်အားပေးစက်ရုံအချိုက ထိခိုက်ပျက်စီးခဲ့တာကြောင့် အချို့နေရာတွေ ဓါတ်အားပြတ်တောက်လျက်ရှိကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here