2024 MNL U 20 ပြိုင်ပွဲအတွက် သစ္စာအားမာန်အသင်း လူ ငယ်ကစားသမားများ ရွေးချယ်ခေါ်ယူမည်

0
309

2024 MNL U 20 ပြိုင်ပွဲအတွက် သစ္စာအားမာန်အသင်းက မနက်ဖြန် ဧပြီ (၂၃) ရက် နံနက်(၇)နာရီခွဲအချိန်တွင် လူငယ်ကစားသမားများအား ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူရွေးချယ်ပွဲအား ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ဘောလုံးအားကစားကွင်းအတွင်း ပြုလုပ်သွား မည်ဖြစ်‌ပြီး လာရောက်‌အရွေးချယ်ခံမည့်သူများမှာ အသ က်(၂၀)နှစ်ထက် မကျော်လွန်သူသာဖြစ်ရမည်ဟု အသင်းက အသိပေးထုတ်ပြန်ထားသည်။

သတ်မှတ်စည်းကမ်းချက်များအရ ၂၀၀၄ ခုနှစ် ဇန်နဝါရီ (၁) ရက် နောက်ပိုင်းမွေးဖွားသူဖြစ်ရမည့်အပြင် မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ ၊ အုပ်ထိန်းသူထောက်ခံစာယူဆောင်လာရမည်ဖြစ်ပြီး ရွေးချယ်ခေါ်ယူခံရပါက အသ င်းတွင် ဝင်ရောက်ကစားခွင့်ရရှိမည်ဖြစ်သည်။ 

ထို့ပြင် နယ်ဝေးမှလာရောက် ရွေးချယ်ခံသူများအတွက် နေ ရာထိုင်ခင်းနှင့်‌ စားသောက်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်ယူနိူက်တက်အသင်းမှလည်း ၂၀၂၄ ခုနှစ် MNL U-၂၀ ကစား သမားများ ယနေ့ ဧပြီ (၂၂) ရက် နံနက် (၇)နာရီအချိန်မှစတင်၍ ရွေးချယ်ခေါ်ယူလျက်ရှိပြီး လူရွေး ချယ်ပွဲကို ဧပြီ(၂၂) ရက်မှ ဧပြီ(၂၆)ရက်အထိ Yangon Uni ted Sports Complex ကွင်းတွင် ငါးရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here