MNL League Cup 2024 အုပ်စုအဆင့် ဒုတိယအကျော့ယှဉ်ပြိုင်မှုတွင် ပွဲတိုင်း ဂိုးပြတ်အနိုင်ရရန် လေ့ကျင့်ပြင်ဆင်နေ ကြောင်း ရှမ်းအသင်း ပြော

0
182

MNL League Cup 2024 အုပ်စုအဆင့်ဘဒုတိယ အကျော့ယှဉ်ပြိုင်မှုများကို လာမည် ဧပြီ(၂၅)ရက်တွင် စတင်ကျင်းပပြု လုပ်တော့မည်ဖြစ်ရာ ပွဲတိုင်းတွင် ဂိုးပြတ် အနိုင်ရရေးမူဝါဒဖြင့် လေ့ကျင့်ပြင်ဆင်နေကြောင်း ရှမ်းယူနိုက်အသင်းက ယနေ့တွင် ထုတ်ပြောလာသည်။

လက်ရှိတွင် အုပ်စုအဆင့် (B)၌ ယှဉ်ပြိုင်ကစားနေရသည့် ရှမ်းယူနိုက်တက်အသင်းသည် ရမှတ်(၉)မှတ်ဖြင့် ရပ်တည်နေသကဲ့သို့ ပြိုင်ဘက်အသင်းများဖြစ်ကြသည့် ရခိုင်ယူနိုက်တက်၊ ကချင်ယူနိုက်တက်အသင်းတို့သည်လည်း ရမှတ် (၉) မှတ်စီရပ်တည်နေကြကြောင်း သိရသည်။

“ရှုံးထွက်အဆင့်ကို တစ်အုပ်စုကနေ တစ်သင်းသာ တက်ခွင့်ရမှာဖြစ်လို့ MNL Cup ဒုတိယအကျော့ ပွဲစဉ်တွေဟာအမှား မခံတော့ပါဘူး။ ဒါကြောင့် ပွဲတိုင်းကို ဂိုးပြတ် အနိုင်ဆိုတဲ့ မူဝါဒနဲ့ လေ့ကျင့်ပြင်ဆင်လျက် ရှိကြောင်း ပရိသတ်ကို အသိ ပေးပါတယ်”ဟု ဆိုသည်။

MNL League Cup 2024 အုပ်စုအဆင့် ဒုတိယအကျော့ယှ ဉ်ပြိုင်မှုတွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ဧပြီ (၂၆) ရက်တွင် Rainbow FC အသင်းနှင့်လည်းကောင်း၊ မေ (၂ ) ရက်တွင် Glory Goal အသင်းနှင့်လည်းကောင်း၊ မေ (၁၄) ရက်တွင် ကချင်ယူနိုက်တက်အသင်းနှင့်လည်းကောင်း ၊ မေ (၂၀)ရက်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် လည်းကောင်းအသီးသီးယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ပထမ အကျော့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားပြီးနောက် အ မှတ်ပေးဇယားရပ်တည်မှု ရလဒ်စာရင်းများအရအုပ်စု(A) တွင် ရန်ကုန်ယူနိုက်တက်က ရမှတ် (၁၂) မှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု (B) တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်မှာ ရမှတ်(၉)မှတ်တူသော်လည်း ဂိုးကွာခြားချက်ဖြင့် ရှမ်းယူနိုက်တက်က အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

အလားတူ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၁၂) မှ တ်ဖြင့် အုပ်စု (C ) ကို ဦးဆောင်ထားပြီး၊ အုပ်စု (D) တွင် အား/ကာသိပ္ပံအသင်းက ရမှတ် (၁၀)မှတ်ဖြင့် အုပ်စုပထမနေရာကို ရယူထားနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here