နိုင်ငံတစ်ဝန်း ချည်မျှင်ရှည်ဝါ စိုက်ဧက (၈)သိန်းအထိ တိုးမြှင့်စိုက်ပျိုးရန် လျာထား

0
154

နိုင်ငံတစ်ဝန်း ချည်မျှင်ရှည်ဝါ ဧက (၅၁၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး စိုက်ဧက (၈)သိန်းအထိ တိုးမြှင့်စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 မြန်မာ့ချည်မျှင်ရှ ည်ဝါ စိုက်ပျိုးမှုသမိုင်းတွင် အမြင့်ဆုံးစိုက်ပျိုးနိုင်မှု အခြေအနေကို ရည်မှန်း ဆောင်ရွက်ခြင်းဖြစ်သည်။ 

နိုင်ငံ၏ စက်မှုကုန်ကြမ်း အတွက်အရေးကြီး ကုန်စည် တစ်ခုဖြစ်သည့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧက လျာထားချက်ပြည့်မီရေးကို နိုင်ငံတစ်ဝန်း တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက် ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါကိုရာသီဥတုပြောင်လဲလာခြင်း၊ ဝါမျိုးစေ့များနှင့်ထွက်ရှိဝါများ၏ အရည်အသွေးများ ကျဆင်းလာခြင်းဖြင့်  ဈေးကောင်းမရရှိခြင်းကြောင့်  စိုက်ပျိုးဧကများ ကျဆင်းလာသော်လည်း ယခုနှစ်နောက်ပိုင်းတွင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ကာ တောင်သူများပြန် လည်စိုက်ပျိုးကြရာ အရည်အသွေးကောင်းမွန်သည့် ဝါထွက်ရှိပြီး ဈေးကောင်းပြန်လည်ရရှိခြင်းကြောင့် နှစ်စဉ်ဝါစိုက်ဧကတိုးတက်လျက်ရှိ​နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here