တိုက်ခိုက်လာမှုကို မဟန့်တားနိုင်ခဲ့တာကြောင့် အစ္စရေး စစ်ထောက်လှမ်းရေး အကြီးအကဲ ရာထူးမှ နုတ်ထွက်

0
294

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်က မကြုံစဖူး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကျရှုံးခဲ့မှုတွေကြောင့် အစ္စရေး စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး အကြီးအကဲ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ စစ်တပ်က ပြောဆိုပါတယ်။

ဒါဟာ အစ္စရေးနိုင်ငံသမိုင်းရဲ့ အ‌ေ-သအပျောက်အများဆုံး တိုက်ခိုက်မှုအတွက် သူ့တာဝန်အခန်းကဏ္ဍနဲ့ ပတ်သက်လို့ တာဝန်ယူနုတ်ထွက်လိုက်တဲ့ ပထမဆုံး အကြီးတန်းအရာရှိဖြစ်လာပါတယ်။

ဗိုလ်မှူးချုပ် အာရွန်ဟာလီဗာ ရာထူးမှ နုတ်ထွက်ခြင်းဟာ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေး ထိပ်တန်းလုံခြုံရေး ရာထူးကြီးပုဂ္ဂိုလ်တွေထံက အလားတူထပ်မံထွက်ပေါ်လာဖွယ်ရှိတဲ့ အစပြုရာတစ်ခုဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။

စစ်သွေးကြွတွေဟာ အစ္စရေးနယ်စပ်ကာကွယ်ရေးတွေကို ဖြတ်ကျော်ဝင်ရောက်ကာ အစ္စရေးလူ့အသိုက်အဝန်းတွေကို နာရီအတော်ကြာ ဘာစိန်ခေါ်ချက် တုန့်ပြန်ချက်မှ မရှိဘဲ သောင်းကျန်းခဲ့ကြတာဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်း အရပ်သား အများစုပါဝင်တဲ့ လူပေါင်း ၁၂၀၀ ခန့် ‌ေ-သဆုံးခဲ့ရသလို ခန့်မှန်းခြေ လူ ၂၅၀ လောက်ဟာ ဂါဇာဒေသတွင်းကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုက အစပြုခဲ့တဲ့ ဂါဇာရှိ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲဟာ အခုဆိုရင် ၇ လတာ ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။

သူ့ရဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာ တာဝန်ရှိမှုဖြစ်ပေါ်ခဲ့ပြီးနောက် သူ့တာဝန်ထမ်းဆောင်မှုကို အဆုံးသတ်ဖို့ ဟာလီဗာက တောင်းဆိုခဲ့တယ်လို့ စစ်တပ်က ပြောဆိုပါတယ်။ အစိုးရနဲ့ စစ်တပ်အပေါ် ထောက်လှမ်းရေးဆိုင်ရာ သတိပေးချက်တွေနဲ့ နေ့စဉ် တပ်လှန့်မှုတွေ ပေးဆောင်ရန်တာဝန်ရှိတဲ့ စစ်ဘက်ဋ္ဌာနတစ်ခုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခြင်းမရှိခဲ့တဲ့အတွက် သူ့မှာ အပြစ်ရှိတယ်လို့ စစ်ပွဲစပြီး မကြာခင်မှာပဲ ဟာလီဗာက လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

စစ်ဦးစီးချုပ်က ဟာလီဗာရဲ့ နုတ်ထွက်မှုကို လက်ခံခဲ့ပြီး သူ့ရဲ့ ထမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref: Time


LEAVE A REPLY

Please enter your comment!
Please enter your name here