ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူအား တာဝန်မှ အနားယူခွင့်ပြု

0
162

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နစက မှ ယနေ့ ဧပြီလ (၂၂) ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းမှ စတင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်က ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယနေ့ ဧပြီလ (၂၂) ရက်တွင် ထုတ်ပြန်သည့် နစက၏ အမိန့်အမှတ် (၃၃/၂၀၂၄) အရ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

ဦးဟင်နရီဗန်ထီးယူသည် NLD အစိုးရလက်ထက်တွင် နိုင်ငံတော် ဒုတိယသမ္မတ(၂) အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ(၁) ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ချိန်မှစတင်ကာ လူမြင်ကွင်းမှ ကာလအတန်ကြာပျောက်နေခဲ့ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here