ချောင်းဆုံမြို့နယ် မွန်ရိုးရာ နွားလှည်း ယဉ်ကျေးမှု အလှပြိုင်ပွဲ ကျင်းပ

0
575

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာဘုရားပွဲတွင် မွန်ရိုးရာ နွားလှည်း ယဉ်ကျေးမှုအလှပြိုင်ပွဲကို ဧပြီလ (၂၂) ရက်‌ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မွန်ရိုးရာ နွားလှည်းယဉ်ကျေးမှုပြိုင်ပွဲတွင် နွား၊ လှည်း၊ ဝတ်စားဆင်ယဥ်မှု၊ အိန္ဒြေ၊ အနေအထိုင်အချိုးအစား စသည် သတ်မှတ်စည်းကမ်း ငါးချက်ဖြင့် အမှတ်ပေးကြောင်း သိရသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် မွန်ရိုးရာ နွားလှည်း ယဉ်ကျေးမှုအလှပြိုင်ပွဲမှာ (၄၉)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ ရှေးယခင်က ဘီလူးကျွန်းဘုရားပွဲသို့ လှည်းယာဉ်များဖြင့် လာရောက်ကြသည့်  အစဉ်အလာအား ထိန်းသိမ်းသည့်အနေဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ဘီလူးကျွန်း (၆၄)ရွာ ဘုရားပွဲများအား သင်္ကြန်အကြိုနေ့မှ စတင်ကာ မြန်မာနှစ်ဆန်း (၁၀) ရက်အထိ ကျေးရွာများအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကာ မွန်ရိုးရာ နွားလှည်း ယဉ်ကျေးမှုအလှပြိုင်ပွဲ ကိုလည်း ထည့်သွင်းပြုလုပ်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here