ရန်သူတွေကို နျူလက်နက်နဲ့ တန်ပြန်တိုက်ခိုက်သည့် အသွင်တူ ဒုံးပစ်ခတ်လေ့ကျင့်မှုကို ကင်ဂျုံအန် ဦးစီးဆောင်ရွက်

0
174

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရန်သူ့ပစ်မှတ်တွေကို နျူကလီးယားလက်နက်နဲ့ တန်ပြန်တိုက်ခိုက်မှုလုပ်တဲ့ အသွင်တူ လေ့ကျင့်မှုအတွင်း နိုင်ငံရဲ့ အလွန်ကြီးမားသော ဒုံးအစုအပြုံလိုက်ပစ်ယာဉ်များမှ ဒုံးကျည်အတွဲလိုက်ပစ်လွှတ်မှုတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့(ဧပြီ ၂၃) မှာ ဖော်ပြပါတယ်။ 

       မြောက်ကိုရီးယားဟာ မြို့တော်ပြုံယမ်းအနီး နယ်မြေတစ်ခုကနေ အစုအပြုံလိုက် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေကို ၎င်းရဲ့ အရှေ့ပင်လယ်ပြင်ဆီ ပစ်လွှတ်ခဲ့ခြင်းအား ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တွေကပြောဆိုခဲ့အပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းဋ္ဌာန KCNA က အခုသတင်းကို ဖော်ပြသွားတာဖြစ်ပါတယ်။ 

         တနင်္လာနေ့က ဒုံးကျည်ပစ်လွှတ်မှုတွေဟာ Haekbangashoe (သို့) နျူကလီးယားအသက်သွင်းခြင်းလို့ခေါ်တဲ့ နိုင်ငံရဲ့ နျူကလီးလက်နက်များ စီမံခန့်ခွဲမှုနဲ့ ထိန်းချုပ်မှုစနစ်ရဲ့ ပထမဆုံးသရုပ်ပြမှုကို ကိုယ်စားပြုတယ်လို့ KCNA က ပြောဆိုပါတယ်။ ဒါ့အပြင် အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ တင်းမာမှုတွေ နက်ရှိုင်းလာချိန်မှာ မြောက်ကိုရီးယား နျူကလီးယားတပ်ဖွဲ့တွေရဲ့ အင်အားနဲ့ ကွဲပြားသော တိုက်ခိုက်ရေးနည်းလမ်းတွေကို ပြသရန် ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့လည်း သတင်းထုတ်လွှင့်မှုမှာ ဖော်ပြခဲ့ပါတယ်။ 

       ဒုံးပစ်ယာဉ်တွေကနေ ဒုံးကျည်လေးစင်းထက်မနည်း ပစ်လွှတ်ခဲ့စဉ် ကင်က စောင့်ကြည့်ရေးနေရာမှ ကြည့်ရှု့နေခဲ့တဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင်မီဒီယာက ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒုံးကျည်တွေဟာ ၂၁၈ မိုင်ခန့် ပျံသန်းခဲ့ပြီးနောက် ကျွန်းပစ်မှတ်တစ်ခုကို တိကျစွာ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလေ့ကျင့်မှုမှာ နျူကလီးယားတပ်ဖွဲ့တစ်ခုလုံးရဲ့ ကွပ်ကဲမှု၊ စီမံခန့်ခွဲမှု၊ ထိန်းချုပ်မှုနဲ့ လုပ်ဆောင်မှုစနစ်တွေရဲ့ ယုံကြည်စိတ်ချရမှုကို စစ်ဆေးအတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ 

      ဒုံးပစ်ခတ်လေ့ကျင့်မှုအပေါ် ကင်က ကျေနပ်အားရခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပြီး မိမိတို့ နျူကလီးယားတပ်ဖွဲ့ဟာ အရေးကြီးတဲ့ စစ်ပွဲအရံအတားမစ်ရှင်ကို လျင်မြန်မှန်ကန်စွာ လုပ်ဆောင်နိုင်စေရေးနဲ့ အချိန်မရွေး ရုတ်တရက် အခြေအနေတရပ်ရပ်အရ စစ်ပွဲမှာ အစပြုလုပ်ဆောင်မှုဆိုင်ရာ ပြင်ဆင်ခြင်းတွေအတွက် ယခုစစ်ရေးလေ့ကျင့်မှုက အရေးကြီးကြောင်း ကင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 Ref: SFGATE


LEAVE A REPLY

Please enter your comment!
Please enter your name here