ပညာရေးနှင့်ပတ်သက်၍ ကောက်ရိုးမီးမဟုတ်ဘဲ ရေရှည်အတွက်ကြည့်၍ စီမံကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
100

ယမန်နေ့ ဧပြီလ (၂၂ )ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ယင်းကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌက အစိုးရအဖွဲ့ တာဝန်ရှိသူများကို မှာ ကြားခဲ့သည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန်​မှာကြားထားသည်။

လာမည့်ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားရန်လိုကြောင်း လည်းနစက ဥက္ကဋ္ဌက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here