(၃၂) ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့) သင်တန်းတတ်ရောက်လိုသူများကို ရန်ကုန်ရွှေအသင်းဖိတ်ခေါ်

0
190

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ (၃၂) ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့)သင်တန်း အသိပညာပေး ရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေ ကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၁၃) တို့အား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ သက်တန်းတတ်ရောက်လိုသူများအ နေဖြင့် သင်တန်းတတ်ရောက်ခွင့် ပုံစံကို(အခမဲ့) တောင်းယူဖြည့်စွက်ပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ ယနေ့ (၂၃) ရက် နံနက် (၉) နာရီတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသ ည်။

ရွှေပညာဒါန(အခမဲ့) သင်တန်းကို မေလ (၂) ရက်မှ (၁၁) ရ က်အထိ နံနက်(၈) နာရီမှ (၁၀)နာရီအချိန်တွင်း အမှတ် (၄၂ /၅၀)၊ ပထမထပ်၊ ရွှေဘုံသာ(အောက်)လမ်း၊ ပန်းဘဲတန်းမြို့ နယ်၊ ရန်ကုန်မြို့၌ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ငွေကြေးခဝါချ အသိပညာပေးခြင်း၊ ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက်ရောင်း ဝယ်ခြင်း၊ ရွှေပန်းတိမ်၊ ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း၊ ရွှေအပေါင်ခံခြင်း၊ ရွှေဒင်္ဂါး/ငွေဒင်္ဂါး၊ ကျောက်မျက်ပညာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း၊ အသုံးချ ရွှေသင်္ချာတို့ကို သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သင်တန်းသားဦးရေ ကန့်သတ်ထားပြီး  အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၄၅၀၀၄၉၂၈၂ ၊ ၀၉၂၅၁၉၉၂၇၂၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here