ပါရမီမီးပွိုင့်အနီးတွင် အငှားယာဉ် တစ်စီးမှ ပန်းရောင်းသ ည့် ကလေးငယ် တစ်ဦးကို မတော်တဆ တိုက်မိမှု ဖြစ်ပွား

0
79

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်၊ ပါရမီ မီးပွိုင့်အနီးတွင် အငှားယာဉ် တစ်စီးမှ ပန်းရောင်းသည့် အသက် (၈)နှစ်အရွယ် ကလေးငယ် တစ်ဦးကို ဝင်တိုက်မိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ဧပြီ (၂၂)ရက်၊ ညနေပိုင်းအချိန်က ဝေဇယန္တာလမ်းမပေါ်၊ ပါရမီ မီးပွိုင့်အနီးတွင် ယာဉ်မတော်တဆ တိုက်မိမှု ဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ က လေးငယ်ကို မိသားစုဝင်များဖြင့် ဆက်သွယ်၍ မြောက်ဉက္ကလာ မေဓာဝီဆေးရုံသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here