ထိုင်းလိဂ်(၂)ပွဲစဉ်တွင် ပထမဆုံး ဟက်ထရစ်ရယူနိုင်ခဲ့သည့် မြန်မာကစားသမား လွင်မိုးအောင်

0
97

ယမန်နေ့ ဧပြီ(၂၂)ရက် ညနေပိုင်းက  ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း ဆာမွတ်ပရာကန် အသင်းနှင့် ရာရောင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရာရောင်းအသင်း၏ ကွင်းလယ်ကစား သမား လွင်မိုးအောင်က သွင်းဂိုး(၃)ဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် ထိုင်းလိဂ်၂ ပွဲစဉ် တစ် လျှောက် ပထမဆုံး အသင်းအတွက် ဟက်တရစ် သွင်းပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော့် ဘောလုံးသမားဘဝရဲ့ ပထမဆုံး ဟက်ထရစ်ပါ။ အားပေးတဲ့ တစ်ဦးချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကျေး ဇူးတင်စကားဆိုထားသည်။

လွင်မိုးအောင်သည် ထိုင်းကလပ်အသင်းဖြစ်သည့် ရာရောင်းအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသော အဓိက ကစား သမားတစ်ဦးဖြစ်ကာ အသင်းအတွက် သွင်းဂိုး ( ၁၉ ) ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှုပေါင်း( ၉ ) ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သူတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here