၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးလိဂ် ပထမအကျော့ပွဲစဥ်တွ င် အသင်းသစ် ဧရာဝတီယူနိုက်တက်နှင့် သစ္စာအားမာန်အ သင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားမည်

0
228

၂၀၂၄ ခုနှစ် မြန်မာ‌နေရှင်နယ်လိဂ် အမျိုးသမီးအမှတ်‌ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့တွင် အသင်းသစ် တစ်သင်းဖြစ်သည့် ဧရာဝတီယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသ ည်။

အဆိုပါ အသင်းနှစ်သင်းသည် လာမည့် မေလ (၇)ရက် မွန်း လွဲ (၃) နာရီခွဲအချိန်တွင် ရန်ကုန်မြို့ စလင်းကွင်းအတွင်း ယှ ဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

သစ္စာအားမာန်အသင်း၏ အသိပေးကြေညာချက်အရ ပထ မအကျော့ ပွဲဦးထွက် ပွဲစဥ်ကို မေ(၇)ရက်‌၌ ဧရာဝတီယူနိုက်တက်နှင့်လည်းကောင်း၊ မေလ(၁၄)ရက်၌ ရန်ကုန်ယူနိုက်တ က်အသင်းနှင့် လည်းကောင်း၊ မေ(၁၉) ရက်၌ မြဝတီအသ င်းနှင့် လည်းကောင်း၊ မေ(၂၄)ရက်၌ ISPE အသင်းဖြင့် လ ည်းကောင်း၊ ဇွန်(၅)ရက်၌ YREO အသင်းနှင့်လည်းကောင်း၊ ဇွန်(၁၁)ရက်၌ ရှမ်းယူနိုက်တက်အသင်းတို့နှင့် အသီးသီး ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

Myanmar Women League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မေလ(၇)ရက်မှ နိုဝင်ဘာ(၈)ရက်အထိ ငါးလကြာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ပွဲစဉ်ဇယားအရ ပွဲဦးထွက်တွင် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအသင်းနှင့် သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် Myanmar Women League 2023 လောလုံးရာသီတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးထားသည်။

ယခုနစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသ မီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝ တီယူနိုက်တက်အသင်း နှစ်သင်း ထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here