ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်ရှိ  ဖုန်းဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

0
125

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဖုန်းဆိုင် တစ်ဆိုင်၌ မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့သည့်အတွက် နယ်မြေခံ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဧပြီ (၂၄)ရက်၊ နံနက်အစောပိုင်း (၁)နာရီ (၅၇)မိနစ်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဖုန်းဆိုင် တစ်ဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ မီးလောင်ပြင်သို့ နယ်မြေခံ မီးသတ်ကားများနှင့်အတူ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှလည်း မီးအလင်းရောင် ရရှိရေး အရေးပေါ်ကယ်ဆယ်ရေးယာဉ် (Lighting)ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် (၂)နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် အသေးစိတ် အချက်လက်များကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here