ချမ်းမြသာစည် မြို့နယ်တွင် ငွေကျပ်သိန်း (၁၁၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
326

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမျိုး သား (၂)ဦး၊ အမျိုးသမီး (၂)ဦးထံမှ ငွေကျပ်သိန်း (၁၁၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ (၂၁) ရက်၊ နေ့လယ် (၂)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ချမ်းမြသာစ ည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ (၄၉) လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မအိမြတ်နန္ဒာထွန်း(ခ)ကေကေ အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Hap py Water အလေးချိန် (၁၂) ဂရမ်၊ ကက်တမင်း အလေးချိန် (၈) ဂရမ်နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆ ည်းရမိခဲ့ကြောင်း သိရသည်။

၎င်းကို ကွင်းဆက်ဖော်ထုတ်ချက်အရ နေ့လယ် (၂)နာရီခွဲအ ချိန် မနန္ဒာလှိုင်အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့န ယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်အတွင်းမှ Happy Water အလေးချိန် (၇၅) ဂရမ်၊ ကက်တမင်း အလေးချိန် (၁၃၆၄) ဂ ရမ်နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နေ့လယ် (၃)နာရီအချိန်က သိန်းသန်းဦး(ခ)အားချင် အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း (၂)လုံး၊ ညနေ (၅)နာ ရီအချိန်တွင် မြင့်ဦး(ခ)အားချိုင်အား ချမ်းမြသာစည်မြို့ န ယ်၊ မြရည်နန္ဒာရပ်ကွက်တွင် FORD အမျိုးအစား မော်တော် ယာဉ် (၁) စီး၊ ကက်တမင်း အလေးချိန် (၂၀) ဂရမ်၊ Happy Water အလေးချိန် (၁၅) ဂရမ်၊ ခပ်ခူး(အဆင့်နိမ့်ဘိန်း) အ လေးချိန် (၁၁) ဂရမ်နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့နောက် ညနေ (၆)နာရီအချိန် မြင့်ဦး(ခ)အားချိုင် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ (၅၅) လ မ်း၊ (၁၁၅)လမ်းနှင့် (၁၁၆) လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် (၂၉၇) ဂရမ်၊ Happy Water အ လေးချိန် (၂၈၅) ဂရမ်နှင့် ခပ်ခူး(အဆင့်နိမ့်ဘိန်း)အလေးချိန် (၉) ဂရမ်တို့အား သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသည့် စုစုပေါင်း Happy Water အလေးချိန် ၃၈၇ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၄.၄ သိန်း)၊ ကက်တမင်း အလေးချိန် ၁.၆၈၉ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၅.၆ သိန်း)နှင့် ခပ်ခူး(အဆင့်နိမ့်ဘိန်း)အလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန် ဖိုးငွေကျပ် (၁၂၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြော င်း သိရသည်။

မအိမြတ်နန္ဒာထွန်း(ခ)ကေကေ(၂၂)နှစ်၊ မနန္ဒာလှိုင်(၂၄)နှစ်၊ သိန်းသန်းဦး(ခ)အားချင်(၂၈)နှစ် နှင့် မြင့်ဦး(ခ)အားချိုင် (၂ ၄)နှစ်တို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here