တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်သို့ သေနတ် အ တုဖြင့် ဝင်ရောက်လုယက်သူများကို ရပ်ကွက်နေ ပြည်သူ များမှ ဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးရမိ

0
272

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ထဲသို့ သေနတ်အတုဖြင့်  ဝင်ရောက် လုယက်သူ များကို ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးရမိကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် ဖွင့်လှစ်ထားသ ည့် Mobile House ဖုန်းဆိုင်ကို ဧပြီ (၂၃) ရက်၊ နေ့လယ် (၁) နာရီခွဲအချိန်က သေနတ်အတုဖြင့် ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“၆ ယောက်လာတယ်။ ၄ ယောက်က ၂ ဖွဲ့ခွဲတယ်။ ၂ ယော က်က လမ်းဒီဘက်ထိပ်၊ ၂ ယောက်က ဟိုဘက် ထိပ်မှာ စော င့်နေတယ်။ ဆိုင်က ကာစတန်မာတွေ ရှင်းသွားတော့ 11 pro max face ပြင်လိုရလားမေးတယ်။ service မလုပ်ဘူး ပြောတော့ တခြား i phone တွေ တစ်လုံးပြီး တစ်လုံးမေးတယ်။ သူ့ကို မသင်္ကာလို့ မပြနဲ့တော့လို ခလေးတွေကို ပြောပြီး ဆို င်ထောင့်မှာ တံမြတ်စည်းသွားလှည်းနေလိုက်တာ။ အဲဒီခါကျမှ ဆိုင်က ကလေးတွေကို ထုတ်ချိန်ပြီး ဖုန်းထည့်ခိုင်းတ ယ်။ ဒီကောင့် ကိုယ်လုံးအနေအထားနဲ့ အစစ်သာဆို လက်က ဒီလောက်မြန်မြန် မ မနိုင်ဘူး။ ကလေးတွေကို ရပ်လိုက် အ စစ်မဟုတ်ဘူးဆိုပြီး ဒီကောင့်ကို ဝင်လုံးတယ်”ဟု အခင်း ဖြစ်စဉ်ဖြစ်ပွားသည့် ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

အဆိုပါ လုယက်မှုဖြစ်ပွားခဲ့ရာတွင် ဆိုင်ပိုင်ရှင်မှ ဆိုင်အတွ င်းသို့ ဝင်ရောက်လာကာ သေနတ်ပြ ခြိမ်းခြောက်လုယက်သူများကို ဖမ်းဆီးခဲ့ခြင်းကြောင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

“ဒီဘက်လမ်းထိပ်က (၂) ယောက်နဲ့ နောက်တစ်ယောက်က ထပ်ချိန်တယ်။ ဒီကတစ်ယောက်နဲ့ လုံးထွေးနေရင်းကလေး တွေက အော်တော့ ကျန်တဲ့ သူတွေရော ထွက်ပြေးသွားတာ။ တစ်ယောက်တည်း လိုက်တာမို့လို တစ်ယောက်ကိုပဲ မိတ ယ်။ မြောက်ဥက္ကလာဘက်ကလို့ ပြောတယ်။အခုတော့စခန်း အပ်လိုက်ပါပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါ လုယက်မှု ကျူးလွန်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်၊ သူရ (၇)လမ်းထိပ်တွင် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးရာ သေနတ်အ တုဖြင့် လူငယ်တစ်ဦးကို ဖမ်းမိခဲ့ပြီး တောင်ဥက္ကလာပမြို့မ ရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here