ပုသိမ်မြို့တွင် နွေရာသီကင်းထော က် လူငယ်သင်တန်းဖွင့်လှစ်

0
124

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် နွေရာသီကင်းထောက် လူငယ်သင်တန်း ကို ဧပြီ (၂၃) ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဧပြီ (၂၃) ရက် နံန က်ပိုင်းက ပုသိမ်မြိုအမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအ တွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင် တန်း၊ ရေကြောင်း လူငယ်သင်တန်း၊ နွေရာသီအဆင့်မြင့် အားက စားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကင်းထောက်သင် တန်းသား၊ သင်တန်းသူ များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here