ကမ္ဘာမြေသည် ရုတ်တရက် နှေးကွေးလာပြီး နေ့တာများ ပိုမိုကြာရှည်လာဟု သိပ္ပံပညာရှင်များဆို

0
539

နှစ်အနည်းငယ်ကြာအောင် အရှိန်မြှင့်ပြီးနောက်၊ ကမ္ဘာ၏ လည်ပတ်နှုန်းသည် ယခုအခါ နှေးကွေးသွားကာ ၇နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်၊ ပျမ်းမျှနေ့တာရှည်မှုသည် ၂၀၂၃ ခုနှစ်တွင် ပိုရှည်လာခဲ့သည်။ ထိုအတောအတွင်း၊ ခန့်မှန်းချက်အသစ်များအရ ၂၀၂၅ ခုနှစ် မတ်လ သည် ၂၀၁၉ ခုနှစ် မတ်လနောက်ပိုင်း နေ့တာအရှည်ဆုံး လဖြစ်လာမည်ဟု သိပ္ပံပညာရှင်တို့၏ ခန့်မှန်းချက်များအရ သိရသည်။

အချိန်နှင့်ရက်စွဲအလိုက် တိုင်းတာမှုများမှရရှိသော နောက်ဆုံးကိန်းဂဏန်းများအရ ကမ္ဘာသည် လည်ပတ်မှု အရှိန်နှေးကွေးလာသဖြင့် ၂၀၂၄ ခုနှစ် အတွင်း ရက်များသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း နေ့တာအရှည်ဆုံးရက်များဖြစ်လာကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် မတ်လတွင် တစ်ရက်တာ၏ကြာချိန်သည် ၅နှစ်တာကာလအတွင်း စံချိန်တင်အကြာဆုံးနေ့များဖြစ်လာမည်ဟုပင် ခန့်မှန်းထားသည်။

ကမ္ဘာကြီး လည်ပတ်မှု နှေးသွားခြင်းသည် အပြန်အလှန်ချိတ်ဆက်နေသော ကမ္ဘာ့ဂေဟစနစ်အတွက် မသိနိုင်သောအကျိုးဆက်များရှိနေသလို၊ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့်လည်း ကမ္ဘာလည်ပတ်နှုန်းကို နှေးကွေးသွားစေနိုင်ကာ၊ ယင်း၏ အကြောင်းရင်းခံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here