ရန်ကုန် – ညောင်လေးပင် ကားလမ်းပိုင်းတွင် ယာဉ် (၃) စီး ဆင့်တိုက်မှု ဖြစ်ပွားပြီး (၂) ဦး အသက်ဆုံးရှုံး

0
285

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ရန်ကုန် – ညောင်လေးပင် ကားလမ်းပိုင်းတွင် ဘိလပ်မြေသယ်တင်ယာဉ် အပါဝင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကလေး တစ်ဦး အပါဝင် (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၅) ဦးခန့် ထိခိုက်ဒ ဏ်ရာရရှိခဲ့ကြောင်း ရွှေဇာမြေလူမှုကူညီရေးအသင်းမှ သိရသည်။ 

ယနေ့ ဧပြီ (၂၆)ရက် နေ့လယ်ပိုင်းအချိန်က ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးရွာရှိ ညောင်လေးပင်-ရန်ကုန်ကားလမ်းပေါ်က ပြည့်စုံသာဆီဆိုင်ရှေ့ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေးအသင်းများမှ ထွက်ခွာကူညီခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကြက်ဘဲတင်ကား၊ ခွေးဘီလူးကားနှင့် ဘိလပ် မြေကားတို့ (၃) စီး ဆင့်တိုက်မိခြင်းဖြစ်ပြီး ကားအတွင်း ညှပ်နေ သူများကိုလည်း ကယ်ထုတ်ပေးခဲ့ရကြောင်း အသင်းက ဆိုသည်။

၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဘိလပ်မြေကားမှာ လမ်းဘေးရှိ နေအိမ်အတွင်း ဝင်တိုက်မိခဲ့ပြီး ကလေးတစ်ဦး အပါအဝင် (၂) ဦး အသက်ဆုံးရှုံးကာ (၅) ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here