အုပ်စု (B) ဒုတိယအကျော့ ယနေ့ညနေပွဲစဉ်များတွင် ရှမ်း ယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ်ဖြင့်အနိုင်ရ

0
113

ယနေ့ ‌ဧပြီလ (၂၆) ရက် ညနေပိုင်းတွင် ကျင်းပသည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲ အုပ်စု(B)၏ ဒုတိယအကျော့ ပွဲစဉ်များတွင် ရှမ်းယူနိုက်တက် FC က Rainbow FC အသင်းကို (၇)ဂိုး သွင်းယူကာ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းကလည်း Glory Goal အသင်းကို (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် (၂၀) မိနစ်တွင် နန္ဒကျော်၊ ပွဲချိန် (၃၄)မိနစ်တွင် ထက်ဖြိုးဝေ၊ ပွဲချိန် (၄၅) မိနစ်တွင် သူရိန်ထွန်း၊ ပွဲချိန် (၄၉)၊ (၅၆)၊ (၆၇) မိနစ်များ တွင် မိုတိုရှီရို၊ ပွဲချိန် (၈၈) မိနစ်တွင် စအောင်ပြည့်ကိုတို့က အသီးသီးသွင်းယူပေးခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ရခိုင်ယူနိုက်တက်နှင့် Glory Goal အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်လည်း ရခိုင်ယူနိုက်၏တိုက်စစ်မှူး ကျော်ကိုကိုက ပွဲချိန်(၅၄)မိနစ်တွင်တစ်ကြိမ် ၊ ပွဲချိန် (၇၆) မိနစ်တွင်တစ်ကြိမ် (၂)ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

MNL League Cup 2024 ဘောလုံးပြိုင်ပွဲ အုပ်စု(B)၏ ဒုတိယအကျော့ ပွဲစဉ်များအဖြင့် ယနေ့ ဧပြီ (၂၆) ရက် ညနေပိုင်းအချိန်တွင် အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြခြင်းလည်း ဖြစ်သည်။

ပထမအကျော့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားအပြီး အမှတ်ပေးဇယားရပ်တည်မှု ရလဒ်စာရင်းများအရ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်မှာ ရမှတ် (၉)မှတ်တူသော် လည်း ဂိုးကွာခြားချက်ဖြင့် ရှမ်းယူနိုက်တက်က အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

ပုံစာ – ယနေ့ ရှမ်းယူနိုက်တက်အသင်းနှင့် Rainbow FC အသင်းတို့ ယှဉ်ပိုင်ကစားမှု မြင်းကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here