လှည်းတန်းခုံးကျော် တံတားပေါ်မှ အမျိုးသမီးငယ် တစ်ဦး ခုန်ချ၊ ဒဏ်ရာများ ရသွား၍ ဆေးရုံသို့ ပို့ဆောင်

0
203

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော် တံတားပေါ်မှ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သွားရောက်ကူညီခဲ့သည့် အနာဂတ် အလင်းတန်း ပရဟိတအသင်းမှ သိရသည်။ 

ယနေ့ ဧပြီ (၂၆) ရက်၊ နေ့လယ် (၁၂)နာရီခွဲ ဝန်းကျင်အချိန်ခန့်က လှည်းတန်းခုံးကျော်တံတားပေါ်မှ အမျိုးသမီး တစ်ဦး ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ အသင်းမှ သွားရော က်ကူညီခဲ့ကြောင်း သိရသည်။ 

“အသက်က (၁၉) နှစ်ပေါ့။ မှတ်ပုံတင်ထဲပါတဲ့ လိပ်စာအရတော့ သန်လျင်ကလို့ သိရတယ်”ဟု အသင်းမှ တာဝန်ရှိသူက ဆိုသည်။ 

အဆိုပါ အမျိုးသမီးတွင် ဦးခေါင်းနှင့် ခြေ၊ လက်တို့၌ ထိခို က်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here