ကြိုးကဲ့သို့သော ဘက်ထရီ တရုတ်သိပ္ပံပညာရှင်များ တီထွင်

0
194

တရုတ်နိုင်ငံ ဖူဒန်တက္ကသိုလ်(Fudan University/FDU)မှ သုတေသီ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် ကြိုးကဲ့သို့ ရစ်ပတ်၍ရသော ဘက်ထရီ အသစ်တစ်မျိုးကို တီထွင်လိုက်ကြကြောင်း The Nature သိပ္ပံစာစောင်၏ အင်တာနက်ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းဘက်ထရီသည် ကြိုးတစ်ချောင်းကဲ့သို့ပင် ရှည်လျားပျော့ပြောင်းပြီး၊ အဝတ်အထည်နှင့် အသုံးအဆောင်များတွင် ထည့်သွင်းချုပ်လုပ် တပ်ဆင်၍ရသဖြင့် ယင်းကို ခန္ဓာကိုယ်တွင် ဝတ်ဆင်၍ရသော ဘက်ထရီဟုလည်း ခေါ်ကြသည်။

ဘက်ထရီသည် အားပြန်သွင်း၍လည်းရပြီး၊ တက်ဘလက်များ ဖုန်းများနှင့် နာရီများနှင့်လည်း တွဲဖက်အသုံးပြု၍ရကြောင်း The Nature သိပ္ပံစာစောင်ကဆိုထားသည်။

Ref: The Nature Science Journal


LEAVE A REPLY

Please enter your comment!
Please enter your name here