လာမည့် မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်အောင် အထူးအထွက်တိုးဇုန်များ သတ်မှတ်

0
264

လာမည့် မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိ အောင်မြင်စေရန်အတွက် ဆီထွက်သီးနှံအထူးအထွက်တိုးဇုန်များ သတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ်ဆောင်ရွက်​နေသည်။

ဧပြီ (၃၀) ရက်တွင် ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးအတွ င်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးမှ သိရခြင်းဖြစ်သည်။

ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄ – ၂ ၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါ သီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

၂၀၂၃ -၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ သုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစု ပံ့ပိုးပေးသည့်စနစ်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇုန်တာဝန်ခံများက လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေ၊ နည်းပညာတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ် ငန်းများကို သက်ဆိုင်ရာအဆင့် အဖွဲ့အစည်းများနှင့် ညှိနှို င်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆ ည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားခဲ့သည်။

ဇုန်ပြင်ပ စိုက်ဧကများကိုလည်း စိုက်ဧက၊ အထွက်နှုန်းများ မကျဆင်းစေရေး၊ ကိန်းဂဏန်းနှင့် စာရင်းဇယာအချက်အလက်များကို အထူးအလေးထား တိတိကျကျ မှတ်တမ်းတင်ရန်၊ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဝါသီးနှံကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here