ထိုင်ဝမ်သမ္မတသစ် ကျမ်းကျိန်ပြီးပါက တရုတ်ကလည်းစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဟုသတိပေး

0
252

တိုင်ပေ၊မေ ၁

ယခုလ၌ ထိုင်ဝမ်ရွေးေကာက်ပွဲ ၌အနိုင်ရထားသူ ရွေးကောက်ခံသမ္မတလိုင်ချင်တီ သည် ကျမ်းသစ္စာကျိန်ဆိုပြီးပါက တရုတ်က စစ်ရေးလေ့ကျင့်မည်ဟု ထိုင်ဝမ်ကို သတိပေးထားကြောင်း ထိုင်ဝမ်ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက မေလ ၁ ရက်နေ့တွင်ပြောကြားခဲ့သည်။

တရုတ်သည် ဒီမိုကရေစီ ထိုင်ဝမ် ကို  ၎င်း၏ပိုင်နက်အဖြစ်ယူဆထားကာ ရွေးကောက်ခံသမ္မတသစ်မစ္စတာလိုင်ချင်တီကိုလည်း အန္တရာယ်ရှိသည့်ခွဲထွက်ရေးသမားဟုယူဆထားသဖြင့် ၎င်း၏ဆွေးနွေးညှိနှိုင်းေရးကမ်းလှမ်းချက်များကို အကြိမ်ကြိမ်ပယ်ချခဲ့သည်။

လက်ရှိသမ္မတဆိုင်အင်ဝမ်နှင့်သဘောထားတူညီသည့် ရွေးကောက်ခံသမ္မတသစ်မစ္စတာလိုင်ချင်တီကလည်း တရုတ်၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုအားငြင်းဆိုထားပြီး ထိုင်ဝမ်အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာဆုံးဖြတ်မည်ဟုဆိုထားပြီး မေလ ၂၀ ရက်တွင် မစ္စတာလိုင်ချင်တီက ထိုင်ဝမ်သမ္မတသစ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုမည်ဟုလည်းသိရသည်။

တရုတ်သည် လွန်ခဲ့သည့်လေးနှစ်ကတည်းက ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ကလည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်နှင့် ပြီးခဲ့သည့်နှစ်က အောက်လွှတ်တော်ဥက္ကဌ ကယ်လ်ဗင်မက်ကာသီတို့၏ ထိုင်ဝမ်ခရီးစဉ်များကြောင့်လည်း စစ်ရေးလေ့ကျင့်မှုကိုပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။

Source : ရိုက်တာ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here