အမေရိကန် နှင့်ဖိလစ်ပိုင်တပ်များ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်

0
214

ပေကျင်း၊မေ ၂

အမေရိကန်နှင့်ဖိလစ်ပိုင်တပ်ဖွဲ့များသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့်တင်းမာမှုများမြင့်တက်နေစဉ် ပင်လယ်အတွင်းသို့ ဒုံးကျည်တစ်ဒါဇင်ခန့်ပစ်လွှတ်ကာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

ယင်းသို့‌ လေ့ကျင့်မှုပြုလုပ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် မည်သည့်နိုင်ငံကိုမှရန်စလိုခြင်းမရှိဘဲ သာမန်လေ့ကျင့်မှု ပြုလုပ်ခြင်းမျိုးသာဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ခြိမ်းခြောက်မှုတွေနဲ့ကြုံတွေ့နေရတဲ့အနေအထားမှာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ နယ်ပယ်ပေါင်းစုံ၊ဘက်ပေါင်းစုံကနေ အကောင်းဆုံးစွမ်းရည်များကိုအသုံးပြုဆောင်ရွက်နေပါတယ်” ဟုလည်းရေးသားထားသည်။

ဧပြီလ ၂၂ ရက်နေ့ကတည်းက အ မေရိကန်တပ်ဖွဲ့ဝင် ၁၆,၀၀၀ ကျော်နှင့် ဖိလစ်ပိုင်မှ တပ်ဖွဲ့အင်အား ၅,၀၀၀ တို့အပြင် ဩစတြေးလျနှင့်ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့များပါ နှစ်စဉ်ပြုလုပ်နေကျ ဘာလီတန်အမည်ရှိစစ်ရေးလေ့ကျင့်ရန်လိုက်ပါလာကြခြင်းဖြစ်သည်။

၄င်းအပြင် ယခုနှစ်၌ ပထမဆုံးအကြိမ်အနေဖြင့်  ဖိလစ်ပိုင်ရေပိုင်နက်၏ ရေမိုင် ၁၂ မိုင်အကွာအထိ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် အချို့သောလေ့ကျင့်မှုများကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး မေလ ၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here