စလင်းမြို့နယ်တွင် ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီး ယာဉ်မောင်းအပါ အမျိုး သား(၃)ဦး ထိခိုက်ဒဏ်ရာများရ

0
396

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအ နီး စလင်း – ဆင်ဖြူကျွ န်းကားလမ်း၊ မိုင်တိုင်အမှတ် (၄၁) နှင့်(၄၂)ကြားတွင် ယနေ့ မေ (၃) ရက် နံနက် (၈)နာရီအချိန်ခန့်က မိုးရွာသွန်းမှုကြောင့် ယာဉ် (၁)စီး လမ်းချော်ကာ အ ရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိပြီး တိ မ်းမှောက်မှုကြောင့် ယာဉ်မောင်း အပါအဝင် အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

အခင်းဖြစ် နေရာသို့ စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆ ယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြော င်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား စလင်းမြို့ကြက်ခြေနီအသင်းယာဉ်ဖြင့် စလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here