နန်းခင်ဇေယျာ ပါဝင်ရိုက်ကူးမယ့် ကမ္ဘာကျော် ရုပ်ရှင်

0
255

nan-khin-zayyar-2-copy

သရုပ်ဆောင်အဆိုတော်နန်းခင်ဇေယျာက လက်ရှိအချိန်မှာတော့ ပြေတီဦးနဲ့အတူ ဓာတ်မြေသြဇာ ကြော်ငြာတစ်ခုကို ရိုက်ကူးပြီးစီးခဲ့ ပြီဖြစ်ပြီး အောက်တိုဘာလ ၂ဝရက် နေ့မှာတော့ ဒါရိုက်တာ ပြည်ဟိန်း သီဟရိုက်ကူးမယ့် ကမ္ဘာကျော်ရုပ်ရှင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါ တယ်။ “အခုလက်ရှိအနုပညာလှုပ်ရှားမှုကတော့ ကိုပြေတီဦးနဲ့ ဓာတ် မြေသြဇာေ ကြာ်ငြာလေးတစ်ခုရိုက်ကူးထားပြီးပါပြီ။ အောက်တိုဘာလ ၂ဝရက်နေ့မှာ ကိုပြည်ဟိန်းသီဟ ရိုက်ကူးမယ့် ‘ကမ္ဘာကျော်ရုပ်ရှင်’
ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်ရပါမယ်” လို့ နန်းခင်ဇေယျာက ပြောပါ တယ်။

ပရဟိတလုပ်ငန်းတွေကို စဉ်ဆက်မပြတ်ပြုလုပ်နေသလို ပရဟိတ အလုပ်တွေလုပ်ကိုင်ဖြစ်တဲ့အကြောင်း ကို ပြောကြားရာ မှာတော့ “ပရ ဟိတကတော့ နန်းခင်တောက်လျှောက်လတိုင်းလိုလိုလုပ် ဖြစ် ပါတယ်။ အရင်လကလည်း ကန်တော်ကြီးမျှော် စင်ကျွန်းမှာ နန်းခင်တို့ Miss Myanmar Club  က ကြာဆံကြော်နဲ့ တုတ်ထိုးရောင်းပြီး ရတဲ့ငွေနဲ့ ကလေးသူငယ်တွေကို လှူ ဖြစ်ပါ တယ်။ ပရဟိတလုပ်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက် ကတော့ ကိုယ့်ရဲ့အားလပ်ချိန်လေးတွေမှာ ကိုယ့်ရဲ့  ပရိသတ်နဲ့ကိုယ့်ရဲ့ ပြည်သူေ တွကို တစ်ဖက်တစ်လမ်း က ကူညီချင်တာပါ” လို့ ပရဟိတလုပ်ဖြစ်တဲ့အ ကြောင်းကို နန်းခင်ဇေယျာက ဖွင့်ဟပြောပြခဲ့ ပါတယ်။

သီတင်းကျွတ်လတိုင်းမှာ မီးထွန်းပွဲတော် တွေမှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲပြီး ဆရာသမား တွေနဲ့ သူ့ရဲ့ ဘိုးဘွားမိဘတွေကို အမြဲ ကန်တော့ လေ့ရှိတဲ့ နန်းခင်ဇေယျာက ဒီနှစ်သီတင်းကျွတ် လပြည့် ညမှာတော့ နယ်ရှိုးပွဲမှာ သွားရောက်ဖျော်ဖြေဖို့ရှိပါ တယ်။ နန်းခင်ဇေယျာက ပအို့ဝ် တိုင်းရင်းသူ တစ်ယောက်ဖြစ်သလို၊  Miss International  ပြိုင်ပွဲမှာ ပအို့ဝ်ဝတ်စုံလေးနဲ့ ဝင်ရောက်ယှဉ် ပြိုင်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အမှတ်တရ အကြောင်း နဲ့ ပအို့ဝ်လူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့ကို ပြန် ပြောင်း ပြောကြားခဲ့ရာမှာတော့

“နန်းခင်တို့ရဲ့ ပအို့ဝ်လူမျိုးတွေက တအားရိုးသား ပွင့်လင်းကြတယ်။ ဘာသာတရားကိုင်းရှိုင်းကြတယ်။ နန်းခင်ရဲ့အဖေက ရှမ်းပအိုဝ့်၊ အမေကပအိုဝ့်ပေါ့။ နန်းခင် ပအို့ဝ်စကားလည်းတတ်ပါတယ်။ နန်းခင် Miss International ပြိုင်ပွဲမှာ ပအိုဝ့်ဝတ်စုံလေးနဲ့
ယှဉ်ပြိုင် ခဲ့တာက အမှတ်ရတဲ့ ပြိုင်ပွဲလေးတစ်ခုပါ” လို့ သူ့ရဲ့အ မှတ်ရမိတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ လက် ရှိအချိန်မှာ တော့ နန်းခင်ဇေယျာက အနုပညာနဲ့ ပရဟိတလုပ်ငန်းတွေကို ဟန်ချက် ညီညီလုပ်ကိုင် လျက်ရှိပြီးလာမယ့် ဒီဇင်ဘာလ ခရစ်စမတ်နေ့ မှာ တော့ သူ့ရဲ့ Non-Stop ဗီစီဒီထွက်ရှိမှာဖြစ် တယ်လို့လည်း သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here