ပြီးစီးလုနီးပါးဖြစ်နေသည့် ရန်ကုန် – ဒလတံတားကြောင့် ဒလမြို့နယ်ရှိ အိမ်ခြံမြေများကို စိတ်ဝင်စားသူများလာ

0
4562

ပြီးစီးလုနီးပါးဖြစ်နေသည့် ရန်ကုန် – ဒလ တံတားစီမံကိန်းကြောင့် ရန်ကုန်မြို့ တစ်ဘက်ကမ်းရှိ ဒလမြို့နယ် အိမ်ခြံ မြေများကို စိတ်ဝင်သူများပြားလာကြောင်း အိမ်ခြံမြေအ ကျိုးတော်ဆောင် လုပ်ကိုင်သူများထံမှ သိရသည်။

ရန်ကုန် – ဒလတံတားဆောက်မှု စီမံကိန်းပေါ် မူတည်ကာ ဒလမြို့၏ အိမ်ခြံမြေ စျေးကွက်မှာ အပြောင်းအလဲ ဖြစ်ပေါ်နေပြီး ဒလတံတားကြီး ပြီးစီးပါက ပိုမို စျေးကောင်းလာနိုင်ကြောင်းလည်း သိရသည်။

” တံတားကတော့ လက်ရှိမှာ လုပ်နေကြတုန်းပဲ။ နေ့ရောညရောလုပ်နေကြတယ်။ ဒီနှစ်ကတော့ပြီးမှာပါ။ ဒလဘက်ကအိမ်ခြံမြေတွေကတော့ စိတ်ဝင်စားမှုပြန်များလာတယ်။ နှစ်လခန့်လောက်ရှိပြီပေါ့ ။ ဒီလတွေအတွင်းက အရောင်းအဝ ယ်သမားတွေရော နည်းနည်းပြန်စိတ်ဝင်စား လာကြတယ်။ အရင်လတွေထက်စာရင်ပေါ့။ ရှေ့လျှောက်တော့ ဒီတံတားက ပိုကောင်းသွားမှာပါ။ တံတားကြီးပြီး သွားရင်တော့လ က်ရှိထက်တော့ စျေးကွက် ပိုကောင်းမယ်။ တံတားပြီးစီးမှု အပေါ် မူတည်ပြီး စျေးက ဖြစ်နေတာပေါ့” ဟု ဒလမြို့နယ်ရှိအိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ကိုင်နေသူ တစ်ဦးကပြောသည်။

လက်ရှိတွင် ဒလမြို့နယ်အတွင်း လမ်းများလည်း ကောင်းမွန်းနေပြီဖြစ်ကာ ဒလ နှင့် ဆက်သွယ်ထားသော ကော့မှူးလ မ်း နှင့် တွံတေးလမ်းတို့မှာလည်း ရာနှုန်းပြည့် ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။

တံတားစီမံကိန်းကြီး မရှိမီကာလက ဒလမြို့တွင် အိမ်ခြံမြေစျေးများ အေးနေခဲ့သော်လည်း စီမံကိန်း စတင်သည့် အချိန်မှ စတင်ကာ စျေးကွက်လှုပ်ရှားလာခဲ့ခြင်းဖြစ်ကြောင်းလ ည်း ၎င်းက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here