မွန်ပြည်နယ်ရှိ မျက်စိဝေဒနာရှင်များအား နိုင်ငံတော်စရိတ်ဖြင့် (၁၂)ရက်ကြာ ခွဲစိတ်ကုသပေးမည်

0
165

မွန်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား နိုင်ငံတော်စရိတ်ဖြင့် (၁၂)ရက်ကြာ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြော င်း မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ယနေ့ မေလ (၁၄)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ခွဲစိတ်ကုသမှုအား ယခုလ မေ (၂၆)ရက်မှ ဇွန် (၅) ရက်အထိ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးသွားမည်ဖြစ်သည်။

ကုသပေးရာတွင် မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အထူးကုသပေးမည်ဖြစ်ကာ ယခုလ မေ(၁၈)ရက် နောက် ဆုံးထား၍ မြို့နယ်ဆေးရုံတွင်ဖြစ်စေ နီးစပ်ရာကျန်းမာရေးဌာနတွင်ဖြစ်စေ အချိန်မီစာရင်းပေးသွင်းကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here